Chapter-10(Zawgyi)

34 0 0
                                    

Live streamပြီးတဲ့အခါမှာတော့ ပထမဆုံးမတ်တပ်ထရပ်တဲ့သူက Song Yaxuanပင်ဖြစ်သည်။

အကုန်လုံးရဲ့မျက်စိအောက်မှာတင်
Song Yaxuanက ဘာမှမပြောဘာမှမလုပ်ဘဲ
သူ့ညဝတ်Pajamaကိုသာဆွဲချပြီး ဖုန်းကိုကောက်ယူကာ အပေါ်ထပ်ကိုတက်သွားတော့သည်။

ဧည့်ခန်းထဲမှာတီးတိုးသံတွေအပြည့်ကိုနားထဲမှာကြားနေရပေမယ့် Liu Yaowenကသူရှေ့မှသရေစာမုန့်တွေနဲ့ပြည့်နေတဲ့စားပွဲခုံပေါ်ကို ကြည့်လိုက်သည်။Biscuitတစ်ချို့နဲ့ အာလူးကြော်တစ်ထုပ်ကိုယူပြီးတော့ သူကလည်းထရပ်လိုက်သည်။

Ma Jiaqiက Liu Yaowenသူဘေးနားလေးကိုဖြတ်သွားတော့မှာမို့ လမ်းမှာခြေထောက်ချကာတားလိုက်ပြီးမေးလိုက်သည်။

"မင်းဘာလုပ်ဖို့သွားမှာလဲ"

Liu Yaowenက ပြုံးရယ်ပြီးတော့
သူလက်ထဲက မုန့်ထုတ်တွေကိုထောင်ပြတယ်။

"ချော့ဖို့"

Ma Jiaiက Liu Yaowenလှေကားပေါ်ကို
လျှင်လျှင်မြန်မြန်တက်သွားတာကိုမြင်လိုက်ပြီးနောက်ခေါင်းငုံရင်းရေရွတ်လိုက်သည်။

"ဒီကလေးဘယ်လိုတောင်သတ္တိရှိတာပါလိမ့်"

He Junlinကတိုးတိုးလေးဝင်ပြောတယ်။

"သူဇာတ်ကားရိုက်ရင် ရိုက်ကွင်းမှာအနမ်းခန်းတွေကိုတောင်မရိုက်ဘူးဆိုပြီးငြင်းရဲတာ
ဒါကိုဘာလို့သူကမလုပ်ရဲရမှာလဲ"

"ဒါနဲ့လေ Song Yaxuanကပျော်နေတဲ့ပုံမပေါ်ဘူးနော်"

Song Yaxuanကလည်း တစ်ကယ်ဒေါသထွက်နေတာ။ဒါပေမယ့် သူကိုယ်သူဘာလို့ဒေါသထွက်နေတာလည်းဆိုတာတော့မသိဘူး။

Song Yaxuanဒေါသထွက်တာက Liu Yaowenက အကျိုးဆက်တွေကို ​သေသေချာချာမစဉ်းစားဘဲနဲ့နမ်းလိုက်တာကြောင့်လား? ဒါမှမဟုတ်အနမ်းက ဘာကြောင့်လည်းဆိုတာကိုသေသေချာချာမသိလို့လား?

လွန်ခဲ့တဲ့ငါးနှစ် လူတွေရဲ့ရှုံချခြင်းကိုခံခဲ့ရတဲ့မြင်ကွင်းက ငါးနှစ်ကြာပြီးတဲ့အခါမှာတော့
ပြင်းထန်တဲ့ပင်လယ်လှိုင်းတွေလို ကမ္ဘာပေါ်ကို လူတွေရဲ့အရှေ့ကိုတစ်ဖန်ပြန်ပေါ်လာပြန်ပြီ။

Liu Yaowenရဲ့အနာဂတ်ကရှင်းလင်းပြီး ​တောက်ပမယ်ဆိုတာသေချာနေပြီမလား။

坠欢重拾(Myanmar Translation)Where stories live. Discover now