Live streamလွှင့်ပြီးတဲ့ညမှာLiu Yaowenနဲ့Song Yaxuanက တစ်ကုတင်တစ်အိပ်ရာထဲအတူတူအိပ်ကြတာပါ။
အကြောင်းအရင်းက Ding Chengxin
သူကဂရုမစိုက်မိဘဲရေတွေဖိတ်မိသွားတာကြောင့်ဖြစ်သည်။
အိပ်ရာတွေကတစ်ယောက်အိပ်တွေဖြစ်သည့်အပြင်
သိပ်မကြီးတာကြောင့်မို့လို့ အရွယ်ရောက်ယောက်ျားလေးနှစ်ယောက်အိပ်ဖို့အတွက်အဆင်မပြေဘူး။ဒါပေမယ့် နှစ်ယောက်စလုံးကသူတို့ရဲ့ပုံမှန်အိပ်ရာတွေမှာ အိပ်နေကျအတိုင်းအိပ်စက်ကြပါသည်။နောက်ရက်အနည်းငယ်ကြာတော့ Liu Yaowenရဲ့အိပ်ရာကြီးကခြောက်သွေ့သွားပြီး အိပ်စက်ဖို့အတွက်အဆင်သင့်ဖြစ်ပါပြီ။
Liu Yaowenကတော့ မမြင်ချင်ယောင်ဆောင်ကာလျစ်လျူရှုပြီး Song Yaxuanရဲ့အိပ်ရာမှာ
ပူးကပ်နေပါသည်။Liu Yaowenက Song Yaxuanဘေးနားလေးမှာ
အိပ်ရတာကိုဘယ်လောက်ကြိုက်သလဲဆိုရင်
ပိုးကောင်လေးက ပိုးအိမ်မှာကပ်နေချင်တာထက်တောင် ဆိုးရွားသေး၏။ညစာစားပြီးတဲ့အခါမှာ Liu Yaowenအပေါ်အားနာစိတ်ဝင်နေတဲ့ Song Yaxuanကပြောလိုက်သည်။
"နောက်နေ့ကျရင် အိပ်ရာနှစ်လုံးကိုကပ်လိုက်တော့"
အချစ်နွံထဲမှာ နစ်မြုပ်နေတဲ့ Liu Yaowen:
"ဟုတ်ပြီ!!!"Liu Yaowenက ထိုစကားကိုပြောချင်ပေမယ့်လည်းSong Yaxuanကအစဖော်မလာတာကြောင့် ပါးစပ်မဟရဲဘူး။
"ကိုကို မင်းအိမ်ကိုပြန်လာလို့ရမလား"
Liu Yaowenက အိမ်ကနေMassageတစ်စောင်ရတဲ့အခါမှာ အိမ်မှာတစ်ခုခုဖြစ်နေတယ်ထင်လို့စိတ်ပူသွားတယ်။သူအိမ်ကိုပြန်ရောက်လာတော့သူမိဘတွေက သူ့ညီလေးကိုလာကြိုခိုင်းလိုက်၏။
Liu Yaowenက အောက်ထပ်ကelevatorကို
ရောက်တော့ 13နှစ်လောက်ရှိမယ့်အရွယ်မရောက်သေးတဲ့ကောင်လေးက သူကိုရပ်စောင့်နေ၏။"ကိုကို"
သူ့ညီလေးကelevatorမှထွက်လာတော့
Liu Yaowenအလျှင်လိုနေတာကိုတွေ့သွားပြီး
သူ့အကိုဆီကိုပြေးသွား၏။"မေမေက ကိုကို့ကိုကြိုဖို့လွှတ်လိုက်တာလား"
Liu Jiahuanရဲ့ပုံမှန်တစ်လက်လက်ဖြစ်နေတတ်တဲ့မျက်လုံးလေးတွေက တစ်ဖြည်းဖြည်းနဲ့ ညို့မှိုင်းသွားသည်။