နွယ် { ႏြယ် }

11.5K 1.1K 741
                                    

Unicode

အချိန်အားဖြင့် ဝေလီဝေလင်း မနက်ခင်းပင်။ ဆောင်းရာသီ၏ နှင်းမြူမှုန်များသည် ကျောင်းပရိဝုဏ်အတွင်းတွင် ဝေဝေဝါးဝါးရှိနေ၏။ နေရောင်ကိုအမှီပြုလို့ မရနိုင်သေးသည့် မနက်ခင်းအချိန်အခါတွင်တံမြက်စည်းကြမ်းသံ တရှပ်ရှပ်က အသက်ဝင်ဆုံးသောအရာလေးပင်။

သိပ်မကြာခင်မှာပဲ ထိုအသံအပြင် လူလျှောက်လာသည့် ခြေသံကိုကြားလိုက်ရသောအခါ တံမြက်စည်းလှဲနေသည့် သူသည် နားပါးစွာဖြင့် လုပ်လက်စကို ရပ်၍ ရောက်လာသည့်လူကို မော့ကြည့်၏။

ထို့နောက်တွင်တော့ တည်ငြိမ်သည့်အသံက ပေါ်ထွက်လာလေသည်။
"ဒကာလေးပါလား"

"တင်ပါ့။ တပည့်တော်ရောက်လာတာ စောသွားသလား"

ဆရာလေး ဝိမလဉာဏီ က ဇေရဲကို ကြည့်ကာ ပြုံးရုံမျှပြုံးသည်။ ဇေရဲသည် ဦးဇင်းဝတ်ပြီး လူထွက်ထားတာ မကြာလှသေးသည့်အတွက် ဦးခေါင်းထက်၌ ဆံကေသာတို့သည် ငုတ်စိကလေးသာဖြစ်နေသည်။
"ဒီလောက်စောစောလာပုံထောက်ရင်၊ စဉ်းစားလို့ မထွက်တော့ဘူးထင်တယ်"

"တင်ပါ့၊ တပည့်တော် စဉ်းစားရင်း ခေါင်းကုတ်ရလွန်းလို့ အဖေကတောင် ပွေးထနေတယ်လို့ ထင်တဲ့အထိပါပဲ။"

ဆရာလေးက ပြုံးရုံသာပြုံးပြန်ကာ နီးရာ ကုက္ကိုပင်နားသို့သွား၍ ထိုကုက္ကိုပင်ဘေးတွင် ပတ်လည်ဝိုင်းထားသော ကွပ်ပျစ်တွင် သွားထိုင်လေသည်။ ဇေရဲက ကပ်လိုက်လာတော့ ဆရာလေးက ဘေးနားတွင်ထိုင်ဖို့မိန့်လာတော့ ဇေရဲက တစ်ပေအကွာလောက်တွင် ဝင်ထိုင်သည်။

"မဂ္ဂအမေနဲ့ ဆရာလေးနဲ့ ဘယ်လိုအကြောင်းတွေရှိခဲ့တယ်ဆိုတာ သိချင်တယ်လား"

"တင့်ပါ့။ တပည့်တော် ဆရာလေး ညွှန်းတဲ့အတိုင်းပဲ မဂ္ဂဒီပါကိုတွေ့တဲ့အချိန်မှာ သူ့ကို တတ်စွမ်းသလောက်ကူညီခဲ့ပါတယ်။ ဒါပေမဲ့ နည်းနည်းလေးလည်း ဒုက္ခပေးခဲ့ပါသေးတယ်။ တပည့်တော့ အထဲရောက်တိုင်း သူပဲလိုက်ထုတ်ပေးတာပါ"

မဂ္ဂဒီပါဆိုသည့်လူကို ကျောင်းရောက်၍ တွေ့ခဲ့သည်ရှိသော် တတ်နိုင်သလောက်ကူပေးရန် ဆ
ရာလေးက စာပို့၍ တောင်းဆိုခဲ့သည်။ သို့သော် မဂ္ဂက သူရှာစရာမလိုဘဲ သူ့ထံသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်ကိုပင် ဆရာလေးကကြိုမသိခဲ့ပေ။ စာလက်ခံရရှိပြီးနောက်တွင် မဂ္ဂနှင့်သူက သူငယ်ချင်းပင် ဖြစ်လို့နေခဲ့ပြီ။ ကံကြမ္မာရေစက်သည် သူတို့ကြားတွင် ပေါ့သေးသေးတော့ မဟုတ်တန်ရာ။ အစကတော့ သူမေးခွန်းပြန်မထုတ်ဖို့ အကြိမ်ကြိမ်တွေးထားပေမဲ့ သူ့မှာ စပ်စုလိုသည့်ဉာဉ်ကလေးကလည်း ရှိနေသေးသည်။ သို့သော် ဆ
ရာလေးက မမိန့်ခဲ့လျှင်လည်း သူ့စိတ်ကို သည်နေရာမှာတွင် ရပ်စဲပစ်လိုက်မည်ပင်။

အေႏွာင္အဖြဲ႕(အနှောင်အဖွဲ့)Tempat cerita menjadi hidup. Temukan sekarang