ဆက္လွိမ့္သြားပါ။zawgyi is waiting for u.
<<Unicode>>ကျွန်တော့်ရဲ့အဖြစ်က ဘယ်လိုပြောရမလဲ...
ဟိုသီးချင်းနဲ့တောင်ခပ်ဆင်ဆင်...
Mee No ဆိုထားတဲ့ အနှောင်အဖွဲ့ တဲ့လေ။အင်း...ဇာတ်လမ်းက ဘယ်လို စလဲ ဆိုတော့ ကျွန်တော်က ရည်းစား ရှိနေတဲ့ ယောင်္ကျားတစ်ယောက်ကိုမှ တန်းတန်းစွဲ ကြိုက်မိသွားတဲ့အချိန်ကစတယ်။ကျွန်တော်ကိုယ်တိုင်က ယောင်္ကျားစစ်စစ် ဖြစ်ပါလျက်နဲ့ပေါ့။
လွန်ခဲ့တဲ့တနှစ်က ကျွန်တော် သူငယ်ချင်းတွေနဲ့ဟော့ပေါ့စားပြီး ပြန်လာတော့ လမ်းမှာ ဆီပြတ်သွားတယ်။ အားကုန်နေတဲ့ ဖုန်းဘက်ထရီက ကျွန်တော်နဲ့သူနဲ့ တွေ့ဆုံရခြင်းရဲ့ တစွန်းတစပါဝင်ခြင်းပေါ့
'ညီလေး ဘာဖြစ်တာလဲ'တဲ့။လကွယ်နေ့မို့ မှောင်ရိပ်သန်းနေတဲ့ သူ့ရဲ့ မျက်နှာကိုသဲသဲကွဲကွဲမမြင်ရပင်မဲ့ သူ့အသံက ကျွန်တော့်နားထဲကို သကာရည်လောင်း လောင်းချ လိုက်သလိုပဲ။ကျွန်တော့ဆိုင်ကယ် ဆီပြတ်သွားတဲ့အကျိုးအကြောင်းပြောပြတော့ 'ခဏစောင့်'ဆိုပြီး လှည့်ထွက် သွား တယ်။ခဏကြာတော့ ပြန်ရောက်လာပြီး ဆီဘူးနဲ့ ဆီဝယ်လာပေးတယ်။
ဆီဖိုးတောင် ပြန်မယူသွားတဲ့ သူ့ကို နာမည်လဲ မေးဖို့ မတတ်နိုင်ခင်မှာ ကျွန်တော့်ရှေ့ကနေ မြန်မြန်ဆန်ဆန်ပျောက်ကွယ်သွားပြန်တယ်။
ကျွန်တော် သူနဲ့ပတ်သတ်ပြီး သတိထားမိလိုက်တာဆိုလို့ ခပ်သြသြ အသံရယ် လက်ထဲက မီးလင်းနေတဲ့ G-shock နာရီအနီလေးရယ်။အဲ့နေ့ကစပြီး ကျွန်တော် အဲ့ဒီ့ဆိုင်ကယ်ဆီပြတ်တဲ့နေရာမှာ အမြဲစောင့်တယ်။တစ်ယောက်ယောက်ကများ ကျွန်တော့်ကို ဆိုင်ကယ် ဘာဖြစ်လို့လဲ လို့ မေးမဲ့အသံကို သုံးလတိတိစောင့်ပြီးတဲ့နောက်မှာ ကျွန်တော်က သူနဲ့ နောက်တစ်ကြိမ်ပြန်ဆုံ ခဲ့ပါတယ်။
ဒီတခါမှာလဲ သူမေးလာခဲ့တာက
'ညီလေး ဘာဖြစ်တာလဲ'တဲ့။အဲ့လိုနဲ့ သူနဲ့ ကျွန်တော်ရဲ့ ခင်မင်မှုက အစပျိုးခဲ့ပါတယ်။ကျွန်တော်က ဖန်တီးလိုက်တယ်ဆိုရင်ပိုမှန်ပါလိမ့်မယ်။သူ့နာမည်က စိုင်းထူးမြတ်လင်း တဲ့။ကျွန်တော်က သူ့ကို အမြဲ ကိုစိုင်းလို့ခေါ်ပြီး သူက တော့ ညီငယ်တစ်ယောက်လို သဘောထားတဲ့အနေနဲ့ ထင်ပါရဲ့ ညီလေးလို့ အမြဲခေါ်တယ်။
ŞİMDİ OKUDUĞUN
အေႏွာင္အဖြဲ႕(အနှောင်အဖွဲ့)
Kısa Hikayeအိပ်မပျော်တဲ့ညမှာ ချရေးမိလိုက်တဲ့ အကြောင်းအရာတချို့ပါ။ နားထဲဝင်လာတဲ့ အနှာင်အဖွဲ့ဆိုတဲ့သီချင်း နဲ့ ရင်ထဲ ခံစားမိတဲ့အရာတချို့... တပိုင်းထဲအပြီးပါ။ ဖတ်မယ်ဆိုရင် မီးနိုရဲ့ အနှောင်အဖွဲ့ဆိုတဲ့သီချင်းလေးကို နားကျပ်နဲ့တပ်ပြီး repeat လုပ်ပြီး စဖတ်လို့ရပါပြီ။...