- fluff , angst
- Top Sunghoon / bottom JakeUnicode
ဆိုရှယ်မီဒီယာတွေပေါ် ပျံ့လွင့်လာတဲ့ သီတင်း အပိုင်းစတွေက လူတစ်ယောက်ရဲ့ ဘဝကို ဖျက်ဆီးပြစ်ဖို့ လုံလောက်တဲ့ လက်နက်အင်အားအပြည့်နှင့်။
သို့သော်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ကျော်ကြားခဲ့ရတဲ့ လူတစ်ယောက်အနေနဲ့ ဤသို့ထိုးနှက်ခံရမှုဟာ ဘာမှမပြောပလောက်တော့ပေ။Breaking new ဟူသော ခေါင်းစဥ်ကြီးအောက်တွင် 'နိုင်ငံကျော်အဆိုတော် Shim Jaeyun နှင့် အဆိုတော် ပေါက်စ Park Sunghoon တို့ Itawon တွင် Date ခဲ့ကြပါသလား' ဟူသော မသေချာမရေရာသည့် အမေးနဲ့ မဟုတ်မမှန်သတင်းဖြန့်နေကြတဲ့ မီဒီယာသမားတွေကို Jake နှာခေါင်းရှုံ့မိသည်။
comment တွေမှာလည်း ရှားပါးလှသော positive vibe မျိုးကိုမတွေ့ရတော့မှာသိတာကြောင့် ဖုန်းကို အသာပိတ်ချလိုက်သည်။
" တအား စိတ်ပင်ပန်းနေပြီလား "
" မဟုတ်ပါဘူး "
" မနက်ဖြန် သတင်းစားရှင်းလင်းပွဲမှာ ငါကြေငြှာလိုက်တော့မယ် "
" ဘာကို "
" ရှင်မ်းဂျယ်ယွန်းနဲ့ ပတ်ဆောင်းဟွန်းက တကယ်တွဲနေတာကွာ ဘာဖြစ်ချင်လဲ ဆိုပြီး "
Jake ဆောင်းဟွန်းရဲ့ ရွှတ်နောက်နောက်စကားကြောင့် ခပ်ဟဟ ရယ်ကာ ဆောင်းဟွန်းရဲ့ လက်မောင်းကို ဖွဖွလေးထိုးလိုက်သည်။
" အဲ့ခါကျရင် နင်နာမည်ပျက်သွားမှာပေါ့ "
" ငါကမင်းကို အတည်ချစ်တယ်ဆိုတာ မယုံဘူးလား Jake "
" ယုံရမှာလား "
အခုချိန်မှာ ၁၇ စွန်းစွန်း အရွယ်သာ ဖြစ်နေသေးသည့် သူတို့နှစ်ယောက်ကြားက ချစ်ကြိုးလေးကို လူတွေက စိတ်ကစားခြင်း ဆိုသည့် ခေါင်းစဥ်အောက် အတင်းသွတ်သွင်းနေကြသည်။
အထူးသဖြင့် Jake ရဲ့ မိသားစုတွေဆို ဆောင်းဟွန်းနဲ့ တွဲနေခြင်းကို လုံးဝသဘောမတူပါ။" ယုံအောင် ဘယ်လို လုပ်ပြရမလဲဟင် "
ဆောင်းဟွန်းက သိပ်အင်နိုးစန့်ဖြစ်တဲ့ ကောင်လေးမျိုး မဟုတ်တာမို့ အခုလိုသူစကားလေသံက နည်းနည်းပျော့လာပြီဆို လိုချင်တာရှိနေမှန်း သိသာသည်။ တကယ်တော့ Jake လည်းထိုနည်းလည်းကောင်းပင်။
![](https://img.wattpad.com/cover/322074700-288-k152546.jpg)
YOU ARE READING
Jakehoon || °One Shot°
Fanfiction- Jakehoon FF - language (myanmar) -Slow update -Crd for cover picture ! -⚠️May contain [ character death , mature content , etc...] These're some detials about this Jakehoon One Shorts collection book. If thare's something uncomfortable content...