I realized I don't hate you! (Part-2)

916 92 10
                                    

Unicode

" ဒီနေ့ကစပြီး ပရောဂျက်တစ်ခုတွက် ဆရာမတွဲဖက်ပေးထားတဲ့ ပါတနာတွေက အတူတူ ထိုင်ရမယ် "

အတန်းခေါင်းဆောင်ရဲ့ ကြေငြာချက်ကို တစ်ချို့ ကဝမ်းသာအားရထောက်ခံ ကြပေမဲ့ ဆောင်းဟွန်း အပါဝင်တစ်ချို့က ညီးညူကြသည်။

" ငါနောက်ဆုံးခုံမှာ မထိုင်ချင်ဘူး ရှေ့တက်ခဲ့ ရှင်မ်းဂျယ်ယွန်း "

ဆောင်းဟွန်းရဲ့ စကားကို တစ်ချက်ပင်မငြင်းပဲ ဘေးနားက ခုံကို တည်တည်ငြိမ်ငြိမ် ဝင်ထိုင်လာတဲ့ ဂျယ်ယွန်းအား ဆောင်းဟွန်း မျက်တောင်တစ်ချက်မခတ်လိုက်ကြည့်နေမိသည်။

'ထင်သားပဲ ရှင်မ်းဂျယ်ယွန်း ငါ့အနားကို အရင်ထဲက ထိုင်ချင်နေခဲ့တာကြောင့် တစ်ချက်တောင်မငြင်းဘူး' ဟုတွေးနေသေးသည်။ ထို့နောက် အတန်းခေါင်းဆောင်ဘက်ကို တစ်ချက် ကြည့်လိုက်တော့ Okay sign ထောင်ပြရင်း မျက်လုံးတစ်ဖတ်မှိတ်ပြလာတာမို့ ဆောင်းဟွန်း တစ်ချက်ပြုံးပြလိုက်သည်။

" ပတ်ဆောင်းဟွန်း! ကျေးဇူးပြုပြီး အရှေ့ကို လှည့်လာပေးလို့ ရမလား "

ဆရာမရဲ့ အော်သံအကျယ်ကြီးကြောင့် မေးထောက်ကာ ဂျယ်ယွန်းအား တစ်ချိန်လုံး ထိုင် ကြည့်နေသော ဆောင်းဟွန်း ရုတ်တရက် ကပျာကယာ ရှေ့ပြန်လှည့်လိုက်သည်။

" ရှင်မ်းဂျယ်ယွန်း မျက်နှာပေါ် ဘာစာမှ မရှိဘူး ကျောက်သင်ပုန်း ကိုပဲကြည့် "

ဆရာမရဲ့ နောက်ဆက်တွဲစကားကြောင့် အတန်းသားတွေက ထရယ်ကြသည်။
ရှက်ရမ်းရမ်းကာ မျက်နှာကြီး နီမြန်းလာတဲ့ ဆောင်းဟွန်းက ဘာမှ မဆီမဆိုင်ပဲ ခပ်တိုးတိုး ကြိတ်ရယ်နေသော ဂျယ်ယွန်း ကိုသာ ရန်မူလာသည်။

" ငါ...ငါမင်းကို ကြည့်နေတာမဟုတ်ဘူး! ကိုယ့်ကိုကိုယ် သိပ်အထင်ကြီး မနေနဲ့ ရှင်မ်းဂျယ်ယွန်း!"

ဂျယ်ယွန်းမှာ ရယ်နေရင်း ပြန်တည်လိုက်ရပြီး ဆောင်းဟွန်းအား ပြူးကြောင်ကြောင်လေး ကြည့်လာသည်။

" အဲ့...အဲ့လို လုပ် နေလို့ မင်းကိုမင်း အရမ်းချစ်ဖို့ကောင်းတယ်ထင်မနေနဲ့ ! ငါမင်းကို လုံးဝမကြိုက်ဘူးနော် "

Jakehoon || °One Shot°Where stories live. Discover now