I realized I don't hate you! (Part-1)

1K 83 2
                                    

-Fluff / school life / rivalry / love-hate
- Tophoon / bottomjake

Unicode

ပတ်ဆောင်းဟွန်းနဲ့ ရှင်မ်းဂျယ်ယွန်းက မူလတန်းထဲက မတည့်အတူနေတဲ့ ရန်သူတွေ။
တစ်ခန်းလုံးမှာ အဆင့်တစ် နဲ့ နှစ်ဆိုတာ သူတို့နှစ်ယောက်လုံးရှိနေသ၍ ဘယ်သူမှရယူလို့မရနိုင်သည့်အရာမျိုး။

အဲ့ဒါဆို တစ်ယောက်သာမရှိတော့ရင် တစ်ယောက်က အနိုင်ရသူပေါ့။

" ရှင်မ်းဂျယ်ယွန်း ကျောင်းထွက်တော့မှာတဲ့ "

အခန်းထဲ အပြေးတစ်ပိုင်းနှင့် ဝင်ရောက်ကာ အော်ပြောလာတဲ့ အတန်းခေါင်းဆောင်ကြောင့် အားလုံး အံ့သြကာ ငြိမ်ကျသွားကြရသည်။

" ကျောင်းပြောင်း မလို့လား မသိဘူး "

" မဟုတ်ဘူး ... ငါပြောရင်လည်း မကောင်းပါဘူး လေသူများ ကိစ္စဆိုတော့ "

" ပြောပါဟ "

" အေအေ ... ပြောတော့မပြောချင်ပါဘူး ဒါမဲ့ နင့်ကို မို့လို့ ပြောလိုက်မယ်နော် ...."

အတန်းခေါင်းဆောင်ကြေငြာချက်အဆုံး အတန်းထဲက လူတိုင်း တစ်ယောက်တစ်ပေါက်နှင့် ဆူညံလာပြန်သည်။

ဆောင်းဟွန်း နောက်ဆုံးခုံကို တစ်ချက်လှည့်ကြည့်ကာ ကိုယ့်နေရာမှာငြိမ်သက်နေရင်း အနားက ကောင်မလေးတွေ ပြောနေတဲ့ ဘက်ကို နားစွန့်ထားလိုက်သည်။

မပြောချင်လို့သာပဲ ပြောသွားလိုက်တာအကြောင်းအရာတွေတော့ပလုံစီသွားတာပဲ။
အဓိကအကြောင်းကတော့ ရှင်မ်းဂျယ်ယွန်းက မိသားစု စီးပွားရေး အခြေနေကြောင့် ကျောင်းထွက် လိုက်ရသည် ဆိုတာပင်။

အခုချိန် သူကပျော်နေရမဲ့သူ ဆိုပေမဲ့ ရင်ထဲ ဟာတာနေတဲ့ ခံစားချက်က ဘယ်လိုမှ ဖုံးဖိမရ။
ဘာဖြစ်လို့ပါလိမ့်။ ရှင်မ်းဂျယ်ယွန်းမရှိလျှင် အေးချမ်းနေရမဲ့ သူ့ဘဝက ခြောက်ကပ်ကပ်နှင့် မကြာခင် ကန္တာရဖြစ်သွားနိုင်မှန်း သိလိုက်ရသည်။

~~~~~~~~~~~~~~~~~~~

" နောက်အပတ် ကျောင်းပြန်တက်လို့ ရပြီ ဂျယ်ယွန်း "

ဖေဖေ့ရဲ့ စကားကြောင့် ဂျယ်ယွန်းမျက်လုံးများမှာ အံ့သြမှုအပြည့်နှင့် ဝိုင်းစက်သွားရသည်။

Jakehoon || °One Shot°Where stories live. Discover now