Unicode
ဖုန်းတစ်ခုကို လက်တစ်ဖက်၌ ကျစ်ကျစ်ဆုပ်ကာ ပါးပြင်ပေါ် တပေါက်ပေါက်ကျလာသော မျက်ရည်စက်များကို အကြမ်းပတမ်းပွတ်သုတ်ပြစ်လိုက်သည်။
ပူနွေးနေဆဲဒေါသနှင့် မျက်ရည်ပူတွေ အဆက်မပြတ်စီးဆင်းလာတိုင်း ဝင်သက်ထွက်သက် ကပါမမှန်ချင်တော့။
" Jake ခဏနေ ဖျော်ဖြေရတော့မှာနော် .... မျက်လုံးတွေ နီနေမယ် မငိုနဲ့တော့ "
" ဟုတ်ကဲ့..."
ကျွန်တော့် အသံကို အကောင်းဆုံးထိန်းကာ ပြန်ပြောလိုက်ပေမဲ့ အနည်းငယ်တုန်ယင်နေသည်။
မနေဂျာ အစ်ကိုက ကျွန်တော့်ပုခုံးကို နှစ်သိမ့်ပေးသလို ခပ်ဖွဖွ ပုတ်ကာ သက်ပြင်းတစ်ခုနှင့် ထွက်သွားတော့မှကျွန်တော်လည်း တင်းခံထားခဲ့သော မျက်ရည်များကို လွှတ်ချမိတော့သည်။ရင်ဘတ်ကနာကျင်လွန်းလို့ ခဏလောက် လောကကြီးမှ ထွက်သွားချင်မိသည်ထိပင်။
မိန်းကလေးတစ်ယောက်ကို ရင်ခွင်ထဲ သွင်းဖက်ထားတဲ့ သူက အပေါ်ပိုင်းအင်္ကျီဗလာနှင့်။ ထိုမိန်းကလေးမှာလည်း ရင်ဘတ်ထိသာ ခြုံထားသော စောင်တစ်ခုသာရှိသည်။
ဆောင်းဟွန်းဘာလို့များ ကျွန်တော့်ပေါ် ဒီလို လုပ်ရက်ရတာလဲ။" Jake စပြီ .... "
" Hyung ကျွန်တော် မတ်တပ်ရပ်လို့ မရတော့ဘူး "
ငိုနေရင်းနဲ့မှ ဗလုံးဗထွေး ပြောနေမိတဲ့ ကျွန်တော့်စကားတွေက Hyung အတွက် နားလည်ရခက်သွားတာလည်း ဖြစ်နိုင်သည်။
ကျွန်တော့်ကို ပွေ့ဖက်ကာတွဲထူပေးလာခဲ့သည်။" မင်းက သာမာန်လူမဟုတ်ဘူး Jake ..... အခုချိန်သေမတတ်နာကျင် နေမယ်မှန်း ငါနားလည်တယ် ... ဒါပေမဲ့ မင်းကိုမျှော်ကြည့်နေမဲ့ လူတွေတွက် မင်းပြုံးရမယ်လေ "
ထိုညက ကျွန်တော်ပြုံးနေခဲ့သည်လား မသိပါ။ကျွန်တော့်မျက်လုံးတွေကိုတော့ ကျွန်တော်ချစ်ရတဲ့ ပရိတ်သတ်တွေကို မဖတ်မိစေဖို့ အတတ်နိုင်ဆုံး ဟန်ဆောင်ခဲ့ရသည်။
တစ်ညလုံး စတိတ်စင်ပေါ် ဖျော်ဖြေခဲ့ပြီးနောက် နုံးချိနေသော ကိုယ်ကိုတစ်ခါထဲ ဆေးရုံပို့ခဲ့ရသည်ထိပင်။
.
.
.
.
.
![](https://img.wattpad.com/cover/322074700-288-k152546.jpg)
YOU ARE READING
Jakehoon || °One Shot°
Fanfiction- Jakehoon FF - language (myanmar) -Slow update -Crd for cover picture ! -⚠️May contain [ character death , mature content , etc...] These're some detials about this Jakehoon One Shorts collection book. If thare's something uncomfortable content...