I realized I don't hate you! (Final)

1.2K 105 4
                                    

Unicode

ဆောင်းဟွန်းကျောင်းမသွားနိုင်တဲ့ ကာလအတွင်း တစ်ကြိမ်လေးတောင် ရောက်မလာခဲ့တော့တဲ့ ဂျယ်ယွန်း။

ထိုနေ့က ကစားပွဲအပြီး ပူးကပ်နေကြသော Jay နဲ့ ဂျယ်ယွန်းရဲ့ ပုံတွေကို တွေ့လိုက်ရတာကြောင့် ဒေါသတကြီး ရိုက်ခွဲမိခဲ့တဲ့ ဖုန်းကအခု သုံးမရတော့ ပိုကာပျင်းရသည်။

" မနက်ဖြန်တော့ ကျောင်းသွားမှရမယ် "

.
.
.
.
.

ချိုင်းထောက်တစ်ခုနဲ့ ကျောင်းကို ရောက်လာတဲ့ ဆောင်းဟွန်း မျက်နှာမှာ ခါတိုင်းနှင့် မတူပဲ တင်းမာနေတာကြောင့် ဘယ်သူမျှ သူ့ကိုရဲရဲ မကြည့်ရဲကြ။
သနားဖို့မပြောနဲ့ မျက်လုံးချင်းဆုံတာနှင့် ထသတ်တော့မတတ် အကြည့်တွေကို ဘယ်သူကများ ရင်ဆိုင်ရဲပါ့မည်နည်း။

ဆောင်းဟွန်းရဲ့ အကြည့်တွေက တစ်နေရာသို့ ရောက်သွားတော့ သူ့မျက်နှာမှာ ပိုကာ မှောင်မဲသွားသည်။

ဆောင်းဟွန်း ဘဝမှာ ဤမျှလောက် ဒေါသဖြစ်ခြင်း မျိုးမရှိခဲ့ဖူးပါ။
ရှင်မ်းဂျယ်ယွန်း ကို ကြည့်မရတဲ့ ရောဂါက တော်တော် ဆိုးနေပြီပဲ။


" ဆောင်းဟွန်း "

'အခုမှ လာခေါ်ပြီပေါ့လေ။ တွေ့ကြသေးတာပေါ့ ရှင်မ်းဂျယ်ယွန်း။ နှစ်ပတ်ကြီးတောင် တစ်ကြိမ်မှ ဖုန်းမဆက် အကျိုးကြောင်းလေး မေးမြန်းခြင်းတောင် မရှိဘဲ ပစ်ထားပြီးမှ ပြန်ခေါ်ရဲတာပေါ့လေ။'

" အဲ့ဒါ ငါ့နေရာလေ "

ဆောင်းဟွန်းစိတ်မှ တင်းကာ ပြောရန်ပြင်ထားသမျှ စကားလုံးတွေသည် ဂျယ်ယွန်းရဲ့ စကားတစ်ခွန်းမှာ ပျောက်ဆုံးသွားရသည်။

" လွတ်တဲ့နေရာ ဝင်ထိုင် ... ငါထိုင်နှင့်ပြီးသားမတွေ့ဘူးလား "

ဂျယ်ယွန်းက မျက်နှာတစ်ချက်တောင် မပျက်ပဲ ကျွန်တော့်ဘေး ခုံတွင်ခပ်တည်တည် ဝင်ထိုင်လေတော့သည်။

ဒီလိုမဟုတ်ဘဲ နည်းနည်းလေး ရန်ဖြစ်ရဖို့ ရည်ရွယ်ခဲ့တာလေ။ အနည်းဆုံးတော့ ရှင်မ်းဂျယ်ယွန်း ထံမှ 'ဒါငါ့နေရာ ဖယ်ပေး' အစရှိသည့် စကားမျိုး မျှော်လင့်ထားသည်။

Jakehoon || °One Shot°Where stories live. Discover now