Real life final day

755 32 4
                                    

MC - တိမ်ယံမိုင်း (Shou)
ML - ? (Gong)
System - No.1827 or Green

_____________________________________

တိမ်ယံမိုင်းသည် ဘဝကိုအေးချမ်းစွာဖြတ်သန်းလိုသူတစ်ဦးဖြစ်ပြီး Gayတစ်ယောက်လည်းဖြစ်ပေသည်။ သူနေထိုင်ချင်သလို ကိုယ်ပိုင် Fashion ဆိုင်အသေးစားလေးတစ်ခုဖွင့်ကာ ပန်းချီဆွဲလိုက် ဆိုင်ထိုင်ရင်း သီချင်းလေးညည်းလိုက်(သံစဥ်ကိုပြောခြင်းပင် သံစဥ်တောင် ကီးကလွဲချင်လွဲနေတတ်သေး၏။) ဆိုင်၏နောက်ရှိ နေရာလပ်လေးတွင် အပင်လေးများစိုက်၍ ရေလောင်းပေါင်းသင်းလုပ်ကာ အေးအေးချမ်းချမ်းပင်။

Gay တစ်ယောက်ဖြစ်ပေမယ့် ဒီအသိုင်းအဝိုင်းက အတုအယောင်တွေလည်းပေါသလို နောက်ဆုံး ဘဝပေးအရဆိုကာ Gayဖြစ်တဲ့သူ့ကို မရွေးချယ်သွားတဲ့ex​တွေကြောင့် ရည်းစားရှစ်​ယောက်ထားအပြီးမှာ တစ်ယောက်ထဲနေဖို့သာ ဆုံးဖြတ်လိုက်တော့သည်။

ဟဲဟဲ စတာပါဗျာ။ ရည်းစားဆိုတာအပူပေမဲ့ သူကတော့လိုချင်ဆဲပေ။ ဘဝကြီးကတစ်ယောက်ထဲ ဖြတ်သန်းဖို့ဆိုရင်တော့ အလွန်ရှည်လျား ပျင်းရိစရာကြီးမလား?

TiTiTiiiiii

အသံကြားရာကိုလှည့်ကြည့်လိုက်တော့ သူ့ဘက်လာနေတဲ့ကားတစ်စီး ဘုရားရေကယ်ပါ သူအခုလမ်းဖြတ်ကူးတာမေ့ပြီး ရည်စားလိုချင်ကြောင်းတွေးနေမိတာ အန်းသွဲ့ မဖြစ်ရဘူးလေ အခုထိ right person မတွေ့ရသေး.......

ဒုန်းးးး

Di di D diiiiiii.....

စက်ကိရိယာတစ်ခုခု Error ဖြစ်သံသည် နားထဲကျယ်လောင်စွာ နားငြီးဒဏ်မခံနိုင်တဲ့အဆုံး မျက်လုံးဖွင့်ကာကြည့်မိတော့ အစိမ်းရောင်အ​မွှေးပွ​​ကြောင်ကလေးသည် မည်းနက်နေသောမျက်ဝန်းများနဲ့ သူ့ကိုစိုက်ကြည့်နေခြင်း။

Mother Fu*ker ဘာတွေဖြစ်နေတာတုန်း သေရင်လည်းတိတ်တိတ်ဆိတ်ဆိတ်လေး​နေပါရစေဟ။

ကလေးအသံကိုမှစက်ရုပ်လိုအသံမျိုးထွက်ပေါ်လာပြီး

"Nice to meet you host.
ယနေ့ လေးနှစ်တစ်ကြိမ်ဖြစ်တဲ့ feb 29သေတဲ့လူတွေထဲမှ တစ်ယောက်ကိုရွေးကာ အခွင့်အရေးပေးဖို့မဲနှိုက်တော့ Hostက ကံထူးသူဖြစ်ပါတယ်။ Congratulations Host. Host လုပ်ရမှာက ကမ္ဘာအသီးသီးကနေ ဝိဥာဥ်စွမ်းအားအတွက် Point တွေယူဆောင်ရမှာဖြစ်ပါတယ်။ တစ်ကမ္ဘာအောင်မြင်ရင် ခန့်မှန်းခြေ Point 1000ဖြစ်ပြီး ခက်ခဲတဲ့ ကမ္ဘာအမျိုးအစားအလိုက် Point တိုးမြှင့်ပေးသွားမှာပါ။ side mission တွေကနေလည်း Point​​တွေ ရယူနိုင်ပါသေးတယ်။ Point 10000ပြည့်ရင် Host ရဲ့မူလကမ္ဘာကို သဘောကျတဲ့အချိန်ကနေစတင်ပြီး ပြန်ရှင်သန်လို့ရသလို တာဝန်ထမ်းဆောင်တဲ့ကမ္ဘာတွေထဲက တစ်ခုကို ရွေးချယ်လို့လည်းရပါတယ်။ တစ်ခြားတောင်းဆိုချင်တဲ့အရာတစ်ခုလည်း ဖြည့်ဆည်းပေးမှာပါ။ You can call me system 1827. မရှင်းတာမရှိဘူးလို့ထင်ပါတယ်။ ပြန်မပြောပေးတော့ပါဘူး။"

System 1827Where stories live. Discover now