(တိမ်ယံမိုင်းကို Arcတစ်ခုစတိုင်း တာဝန်ထမ်းဆောင်ရတဲ့ကိုယ်ရဲ့ နာမည်ပဲအစားထိုးသုံးမှာပါ)
Koe khant- Shou(host)
Home nickname - kokoeAugust - gong
Bhone myat baby - ကြာပန်းဖြူ
_________________________
Knock Knock! Kokoe...
"ဘယ်သူလဲ"
"ငါ"
"ဘယ်ကငါလဲ ငါဆိုရင်လည်းနောက်မှလာငါ အိပ်နေတယ်"
"?" (သုံးစက္ကန့်လောက်ဆွံ့အသွားသူ)
"ဘာစောက်ချိုးချိုးနေတာလဲ ကိုးနာရီကျော်နေပြီ ဒီမှာငါအလုပ်ကျနေပြီ Kokoe။ ငါ့ကိုအလုပ်သွားဖို့လဲ လာမနှိုးသလို Breakfast လည်းဘာမှမပြင်ထားဘူး""အဲ့တော့?"
"တောက်ခ်။"
ဒုန်းးးးးး
"ဒီမအေ... သူများအိပ်နေတာကို"
တောက်ခတ်သံအဆုံး တံခါးကိုကျယ်လောင်စွာထုကာ အခန်းရှေ့မှ ခြေသံများက တစ်ဖြည်းဖြည်း ဝိုးတဝါးနိုင်စွာသာကြားရတော့သည်။
'Kokoeရယ် မင်းကိုသနားလိုက်တာ ဒီလိုစောက်ချိုးမပြေတဲ့ကောင်ကို ဘာတွေကြည့်ကြိုက်နေမှန်းမသိ။ မင်းရဲ့သနားစရာ အချစ်ရေးဘဝကြီးကိုကယ်တင်ဖို့ ဒီကိုကိုရောက်လာပြီ ဘာမှအားမငယ်နဲ့တော့ ဖေ့သားလေး'
အိပ်ယာမှထကာ ပြင်ဆင်စရာရှိတာပြင်ဆင်၍ မှန်ကြည့်မိတော့ 'Yo! မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ သန့်ရှင်းစင်ကြယ်တဲ့ရုပ်ရည်လေး ငါ့ရဲ့ idea type လေးပဲ ဟိ" ငါ့ကမ္ဘာကဆို မင်းကိုလိုက်ခဲ့ပါတယ်ကွာ' အယ်ဒါဆိုရင် ဘယ်သူကအပေါ်နေမတုန်း မဖြစ်သေးပါဘူး ဟူးး။
_________
သူဘာလုပ်ရမလည်းဆိုတာတွေးကြည့်မိတော့ ဗလာ။ ဆိုတော့ ဒီကိုယ်က အလုပ်မရှိအကိုင်မရှိ သူများသားAugustကိုပဲ အကုန်လိုက်လုပ်ပေးပြီးသာယာနေတာပေါ့။
မိသားစုအခြေအနေအရလည်း ပြည့်ပြည့်စုံစုံအနေအထားဆိုတော့ ဒါပေမဲ့ August နဲ့တွဲလို့သူ့မိဘတွေက မကြည်ပဲ မုန့်ဖိုးဖြတ်ထားတာ ဘယ်လောက်ကြာပြီလဲ။ ခေတ်မှီနေတဲ့ခေတ်ကာလမလို့ Gayဖြစ်နေလို့မဟုတ်ပဲ August ကိုပဲသဘောမကျကြတာဖြစ်သည်။ တော်သေးတာပေါ့ သူ့ရဲ့တစ်ဦးတည်းသောအစ်မက မုန့်ဖိုးတွေခိုးပေးနေသေးလို့။ ဒါပေမဲ့မိဘတွေပေးသလောက်နဲ့ဆိုရင်တော့ ယှဥ်လို့တောင်မရပေ။
YOU ARE READING
System 1827