Arc - 1.3

243 27 6
                                    

Burger Lover's Post -
'သုံးသပ်ချက်အရ ငါတို့ရဲ့နတ်သားလေး Kokoe က အသည်းကွဲနေတာမဟုတ်ရင် သစ္စာဖောက်ခံရတာမျိုးလို့ထင်တယ်။ အဲ့မျက်လုံးတွေက အသက်ဝင်လွန်းလို့ ဖက်ထားချင်စိတ်တွေတဖွားဖွား။(ငိုနေသောအီမိုဂျီ) vocalကတော့လုံးဝလန်းတာဟယ် ငါlocalဘက်ဘယ်သူ့မှအတည်တကျမကြိုက်တဲ့လူတောင် Kokoeကိုသဘောကျ။ အပြည့်အစုံအတွက်တော့ YouTubeသွားကြပါ။ အမွှန်းတင်မနေတော့ဘူး မတွေ့သေးတဲ့လူတွေအတွက် ကိုယ်တိုင်သာကြည့်ကြတော့ {short vd}'

ထိုPostသည် တစ်နာရီအတွင်း 24.8k shares ကျော်သွားပြီးနောက် localတွင်လူသုံးအများဆုံး 'ganio' တွင် trending No.8ချိတ်ကာ လူပြောများလာခဲ့သည်။ ဧကန်မလွဲ ဇာတ်လိုက်ကျော်ကြီး August ရောမတွေ့ပဲနေမလား?

ထိုvedioကိုထပ်ကာထပ်ကာကြည့်မိပြီးနောက် သူ့စိတ်ထဲစိုးရိမ်စပြုလာရသည်။ အဲ့ဒီ့မျက်ဝန်းတွေ ဆွေးမြေ့နေပေမဲ့ ပြတ်သားတော့မဲ့အရိပ်အယောင်တွေ။ သူ့လုပ်ရပ်တွေကရော ဟုတ်သေးရဲ့လား။ သူကိုယ်တိုင်လည်းမရေရာတော့ပေ။ မူလတန်းလောက်ကတည်းက အတူတူတွဲသွားတွဲလာလုပ်လာပြီး တက္ကသိုလ်တက်တဲ့အထိဖြစ်၏။ ထို့နောက်ဖွင့်ပြောဖြစ်တော့လည်း ထိုအချိန်တွေကို KoKoeအတွက်သာ ကုန်ဆုံးစေခဲ့သည်။ ထိုနောက်ပိုင်း ဘွဲ့ရအလုပ်ဝင်တဲ့အချိန်တွင် တွဲဖြစ်လာပြီး သူ့ရဲ့ဘဝသက်တမ်းတစ်လျှောက်လုံး Kokoeနဲ့သာ အချိန်တိုင်းဒီလူနဲ့ပဲဖြတ်သန်းရတော့ ငြီးငွေ့လာတော့သည်။ အသစ်အဆန်းခံစားချက်မပေးတော့တဲ့ Kokoeကြောင့်လို့ပဲမှတ်ယူခဲ့တာမလို့ Babyဘက်စိတ်ယိုင်တော့လည်း သူတို့ဇာတ်လမ်းအတွက် စိုးရိမ်ပူပန်တာမျိုးမရှိမိပေ Kokoeကအမြဲရှိနေမယ်လို့ ယုံကြည်ထားခဲ့တာကြောင့်သာ။ အခုရော အခုကရော Kokoeကိုသာ သူလက်လွှတ်ခဲ့ရရင်? မွန်းကြပ်လာတဲ့ခံစားချက်တွေကြား ဘာကိုမှရေရေရာရာမတွေးနိုင်တော့။

"Hello Kokoe ငါတို့နေ့လည်စာအတူစားကြမလား"

"အင်းရတယ်လေ စားနေကျဆိုင်ကိုပဲလာခဲ့လို့ရတယ်မလား"

"အင်းရတယ်"

"ဒါပဲမလား August"

"ဟမ် ဪအေး"

Tiiii' အဆုံးသတ်သွားတဲ့ Kokoeဆိုတဲ့ callလေးကိုကြည့်ရင်း ငိုင်နေမိ၏။ ဘာလို့အဲ့လောက်တောင်ပြောင်းလဲသွားရတာလဲ? အရင်ဆိုသူနဲ့ပြောရရင် ရွှင်မြူးနေတတ်တာမလား။ အဆိုးဆုံးက ဟိုတစ်ယောက်နဲ့မစားပေးရတော့ဘူးလားလို့ မေးဖို့နေသာသာ Babyအကြောင်းတစ်ခွန်းမှမဟ။ သူနဲ့ပတ်သတ်၍ စိတ်ဝင်စားမှုမရှိတော့ပုံ။

System 1827Where stories live. Discover now