"ငါလပ်ထပ်တော့မလို့"
သူ့ရဲ့ဦးနှောက်တစ်ခုလုံးထုံထိုင်းသွားသလို နှလုံးခုန်နှုန်းတွေရပ်တန့်သွားသလို မဟုတ်လည်း သူတွေးလာတဲ့သောအတွေးများသည် မသတီစရာဖြစ်လာခဲ့သလို...အံကိုတင်းတင်းကြိတ်ထားရတာကြောင့် သူ့ပုံစံသည် ခက်ထန်နေခဲ့မလားမသိ...
".... ဘယ်သူနဲ့လဲ"
"Tomes"
"အလယ်တန်းတုန်းက မင်းကိုလိုက်ခဲ့တဲ့တစ်ယောက်?"
"အွန်း ငါမထင်ထားခဲ့တာ သူအဲ့အချိန်ကတည်းကအခုထိ မယိမ်းမယိုင်ငါ့အပေါ်မှာပဲ စိတ်ရှိခဲ့မယ်လို့လေ"
"....."
"တောက်လျောက်ငါ့ကိုပဲကြည့်လာခဲ့တာမလို့ ငါ့စိတ်တွေလည်းလှုပ်ခတ်သွားတာထင်တယ်"
"....."
"အဲ့ကတည်းက ငါ့သူ့ကိုရွေးခဲ့ရင်လို့ တွေးခဲ့မိပေမဲ့ မင်းနဲ့ဖြတ်သန်းခဲ့တဲ့ ပျော်စရာအချိန်တွေ ဘယ်လောက်များခဲ့လို့လဲ။ အာ...နောက်ပြီး တစ်ကယ်လည်းမင်းနဲ့မလို့ဆိုတဲ့ ခေါင်းစဥ်အောက် စိတ်လုံခြုံခဲ့ရတာတွေလည်းအများကြီးပါ။ မင်းလည်းငါ့အပေါ် အရမ်းကောင်းပေးခဲ့တဲ့လူပဲလေ။ ငါ့ကိုနှစ်ရှည်လများလိုက်ခဲ့တာပဲ ကြည့်ပါလား ဒါကတော်ရုံစိတ်ရှည်ပုံ တော်ရုံစိတ်ထဲရှိခဲ့ရုံနဲ့ ရမဲ့အရာမှမဟုတ်ပဲ။ ငါ့မျက်နှာကြည့်တာနဲ့ ငါ့မိသားစုဝင်တွေထက် အရိပ်အကဲပိုသိခဲ့တာတွေ စိတ်ဓာတ်ကျချိန်တွေဆိုလည်း ငါ့လိုမြိုသိပ်တတ်တဲ့လူက မင်းနဲ့မလို့ ရင်ဖွင့်နိုင်ခဲ့တာ။ သက်တောင့်သက်သာရှိစေခဲ့တဲ့မင်းနဲ့မလို့ စိတ်ရောကိုယ်ရော ကျန်းမာတဲ့လူအဖြစ်ရှင်သန်လာခဲ့နိုင်တာပါ။ တဖြည်းဖြည်းနဲ့ လူ့စိတ်ဆိုတာပြောင်းလဲတတ်တာပဲလို့ လက်ခံကြည့်ရင်း မင်းအပေါ်ကိုလဲ အရင်လောက်စိတ်မပျက်တော့သလိုပဲ"
"...."
"အာ ဒါကမင်းအပြစ်ကင်းတယ်လို့မဆိုလိုဘူးနော်။ မင်းလည်းသိမှာပါ ဖောက်ပြန်တဲ့လူက ဘယ်တော့မှမမှန်ဘူး။ ဘာအကြောင်းပြချက်ပဲရှိရှိ ဖောက်ပြန်ကတည်းက သူမှားသွားပြီဆိုတာ but အတိတ်ကအရာတွေငါဂရုမစိုက်တော့တာမလို့ မင်းအပေါ်ငါအရမ်းဒေါသထွက်မနေတော့တာ ပြောပြရုံပဲ။ ငါလည်းစိတ်ချရတဲ့လူရဲ့လက်ထဲ ငါ့ဘဝကိုနောင်တကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတော့မှာဖြစ်လို့ ငါ့အချစ်ဆုံးသူငယ်ချင်းကိုလည်း အတိတ်တွေထဲ ပိတ်မိမနေစေချင်ဘူး။ အဲ့တာကြောင့် အတိတ်ထဲက ရုန်းထွက်ပြီး ကောင်းမွန်တဲ့ဘဝတစ်ခုမှာ မင်းစိတ်ချမ်းသာဖို့က ငါ့ဆန္ဒပါ။"
BINABASA MO ANG
System 1827