2

1.3K 143 3
                                    

[Unicode]

✉️ အခုချက်ချင်း အိမ်ကိုပြန်လာခဲ့

" သူကဘာမို့လို့ ငါ့ကို အမိန့်ပေးရတာလဲ ! "

ထိုင်နေကျ Club တွင် ပုံမှန် အတိုင်း ထိုင်၍ အချိန်ဖြုန်းနေချိန် ဝင်လာသည့် စာက စိတ်တိုသွားစေတာကြောင့် ဘတ်ခ်ဟျွန်း အံကြိတ်လိုက်ပြီး ဖုန်းကိုရှေ့စားပွဲပေါ်ပစ်တင်လိုက်သည်။

" ကိုယ်နည်းနည်း စိတ်ရှုပ်နေလို့ ခဏ "

ဘေးနား ထိုင်နေရာမှ အသားချင်းထိသည်အထိ တိုးကပ်လာနေသော ကောင်မလေးကို ဘတ်ခ်ဟျွန်းလက်ထောင်ပြကာ တားလိုက်တော့ ကောင်မလေးက မျက်လွှာအသာချပြီး အနားက နည်းနည်းခွာသွားသည်။ ထိုတော့မှ ရှေ့ချထားသည့် ခွက်ထဲမှ အရည်အချို့ကို ဘတ်ခ်ဟျွန်း ကောက်မော့ပစ်လိုက်သည်။

ခါးသပ်သပ်အရသာက ဘတ်ခ်ဟျွန်းသဘောကျတဲ့ ယမကာများထဲက တစ်ခုဖြစ်နေတာကြောင့်​ ဒေါသထွက်နေတဲ့ဘတ်ခ်ဟျွန်းကို ရီဝေဝေဖြစ်သွားစေသည်။

သို့သော်လည်း ဘတ်ခ်ဟျွန်းမှာ ရီဝေဝေခံစားချက်များကြား အချိန်ကြာကြာ မူးယစ်ခွင့်မရလိုက်။ ဖုန်းထဲ ထပ်ဝင်လာတဲ့ စာတစ်စောင်က ထိုင်နေတဲ့ ဘတ်ခ်ဟျွန်းကို ချက်ချင်းထပြန်န်ိုင်စေသည့်အထိ စွမ်းသည်။

✉️ ဘွားဘွားရောက်နေတယ် !

တိုတိုပြတ်ပြတ်စာတစ်ကြောင်းက အခုချက်ချင်း အိမ်ပြန်လာဖို့ ခေါ်ရတဲ့ အကြောင်းအရင်း ဖြစ်​သည်ဆိုတာကို ဖော်ပြနေသည်။

" ကိုယ်ပြန်တော့မယ် "

ဘတ်ခ်ဟျွန်း ထရပ်တော့ ဘေးနားကပ်ထိုင်နေသည့် ကောင်မလေးက သူနှင့်အတူ ထ၍ ရပ်လာ၏။

" ကားမပါလာလို့ ပြန်လိုက်ပို့ပါလား ဟင် "

ချိုအီရီဝေသော မျက်ဝန်းတွေဖြင့် ထိုကောင်မလေး ဘတ်ခ်ဟျွန်းကို မော့ကြည့်ရင်း တောင်းဆိုခြင်း။ ဘတ်ခ်ဟျွန်း ပြုံးလိုက်သည်မှာ ဆွဲဆောင်မှုရှိစွာ။

မှင်သက်သွားတဲ့ ကောင်မလေးအနားကို ဘတ်ခ်ဟျွန်း ငုံ့ချလိုက်ပြီး တိုးညင်းစွာ ပြောလိုက်၏။

" ကိုယ့်မှာ သက်ဆိုင်သူ ရှိတယ် "

ညှို့အား ပြင်းစွာ ဆွဲဆောင်ပြီးမှ ရက်စက်စွာ အသည်းခွဲသူများ ဖြစ်နေမလား မသိပေမဲ့ ဒါက အမှန်ပင်။ သူ့မှာ သက်ဆိုင်သူရှိ၏။ ထိုလူက သိပ် မုန်းဖို့ကောင်းတဲ့သူ ဖြစ်နေပေမဲ့လည်း သူ့သက်ဆိုင်သူလေ။ ထို့ကြောင့် လက်ထပ်ပြီး ယခု ခြောက်လကျော်သွားပြီ ဖြစ်သည့်အထိ ဘတ်ခ်ဟျွန်း ဘယ်ကောင်မလေးနှင့်မှ ပတ်သတ်ခြင်းမရှိ‌ခဲ့ပေ။ အရင်က ဘယ်လောက်ပဲ ပတ်သတ်ခဲ့ ယခုကတော့ မရတော့ချေ။

Baddy and His Hubby ( Completed )Onde histórias criam vida. Descubra agora