1

3K 200 27
                                    

[Unicode]

လူချမ်းသာများသာ လာရောက်နိုင်သည့် အဆင့်မြင့် Club တစ်ခုတွင် ဝီစကီခွက်ကို လက်တစ်ဖက်ဖြင့် ကိုင်၍ ခုံနောက်ကို ကျောမှီကာ မျက်စိရှေ့မှ စိတ်ဝင်စားစရာလေးအား ကြည့်နေသည့် ချန်ယောလ်။

အတူ ထိုင်နေကြသည့် စီးပွားရေး သမားများသည် လုပ်ငန်းပိုင်းအကြောင်းများ ပြောဆိုနေသော်လည်း ချန်ယောလ်ကတော့ ထိုစကားများတွင် အာရုံမရှိခဲ့။

ဝီစကီကို ဖြည်းညင်းစွာ သုံး‌ဆောင်ရင်းဖြင့် နှုတ်ခမ်းတစ်ဖက်ကို ခပ်သာသာလေး တွန့်ချိုးရင်းသာ ကြည့်နေသည်အား ဆက်ကြည့်နေ၏။

ထိုသို့ စိတ်ဝင်တစားဖြင့် ချန်ယောလ် ကြည့်ရှူနေသည်ကတော့ သူတို့ ဝိုင်း၏ မလှမ်းမကမ်းတွင်‌ရှိသော ဝိုင်းမှ ပျိုမဒီနှစ်ဦးကြား၌ ကြော့မော့စွာ ထိုင်ရင်း ပျိုမဒီတွေ၏ နှလုံးသားကို ကိုင်လှုပ်နိုင်သည့် အပြုံးများအား ဖောဖောသီသီပေးကာ ညှို့အားပြင်းနေသော ကောင်လေးတစ်ယောက်ကိုဖြစ်သည်။

ချန်ယောလ်က ဤ Club သို့ ပထမဦးဆုံး အကြိမ်ရောက်တာ ဖြစ်သော်လည်း ချန်ယောလ် ကြည့်နေသည့်သူကတော့ အရင်တည်းက အကြိမ်ပေါင်းများစွာ လာခဲ့ပုံပါပင်။ အကြောင်းအရင်းကတော့ ချန်ယောလ် ရောက်ပြီး ခဏ အကြာတွင် တောက်ပြောင်နေသည့် ရှူးဖိနပ်ဖြင့် ခြေ‌တံသွယ်သွယ်တို့အား တစ်လှမ်းခြင်းလှမ်း၍ ထိုကောင်လေး ဝင်လာချိန်၌ Club အတွင်းရှိ ဝန်ထမ်းများ ကြိုဆိုပုံနှင့် ထိုင်နေကျ ဝိုင်းလို့ ပြောစရာပင်မလိုအောင် ထိုဝိုင်း၌ တည့်တည့်မတ်မတ် ထိုင်လိုက်ပုံ ၊ မှာစရာ မလိုဘဲ ရောက်ရှိလာသည့် ယမကာခွက်နှင့် ပျိုမဒီများဖြင့် ချက်ချင်းပင် စကားဖောင်ဖွဲ့ကာ ပြောဆိုပုံများကြောင့် ဖြစ်သည်။

" ဆရာ ကားထုတ်ပြီးပါပြီ "

ဘေးနားလာရပ်၍ အတွင်းရေးမှူးက ပြောလေတော့ ခြေချိတ်ထိုင်နေသည့် ချန်ယောလ်က ခြေထောက်များကို ချကာ ထရပ်၏။ ထို့နောက် ဖြုတ်ထားသည့် Suit ၏ ရှေ့ကြယ်သီးအား ပြန်တပ်လိုက်ချိန်တွင် တစ်ဖက်ဝိုင်းမှ ကောင်လေး၏ မျက်ဝန်းတွေက ချန်ယောလ်ဆီ ရောက်ရှိလာပါ၏။

Baddy and His Hubby ( Completed )Tempat cerita menjadi hidup. Temukan sekarang