❤Part3💚

1.1K 60 2
                                    


[Unicode]

အဖြူထည်သက်သက်

Ep3

" ကျွန်တော်ဘားမှမဖြစ်ပါဘူး အကို "

*စိတ်ညစ်ရတဲ့ကြားထဲ လေကြောရှည်နေသေးတယ်*

ရှောင်ကျန့်မှာတော့ ယခုအချိန်အထိ စန့်ရန်ကို မကြည်သေးပေ

" ညီ့ကြည့်ရတာ အသဲကွဲနေပုံပဲ "

" ........."

" ကျန့်ကျန့် အားမငယ်နဲ့ သူနဲ့တကယ့်ဖူးစာပါရင် ပြန်ဆုံမှာပါ "

" ကျေးဇူးပါအကို ကျွန်တော့် ကို အားပေးတဲ့အတွက် 😊 "

စိတ်ပျက်ခြင်းများကြားမှ အပြုံးလေးတစ်ပွင့်ကို ဖန်ဆင်းလိုက်သသည်

* အကိုစန့်ရန် ရဲ့ အားပေးစကားက အသုံးဝင်လှပါတယ် ကျွန်တော့် အချစ်ဆုံးသူငယ်ချင်း လိချန်တောင် အားပေးစကားလေးတစ်ခွန်းမပြောခဲ့ဘူး ကျေးဇူးပါ အကို စန့်ရန် ကျွန်တော် ရင်ထဲ အသဲထဲဿို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် *

" ညီ အကို့ ကို ညီ့ရဲ့ သူငယ်ချင်းအဖြစ်သတ်မှတ်ပေးနိုင်မလား "

" .... သူငယ်ချင်း "

" အာဟုတ်ပါတယ် အကိုပြောချင်တာက ညီ့ရဲ့ အကိုအရင်းတစ်ယောက်လို ညီစိတ်ညစ်ရင် ဘေးမှာ အကိုရှိပေးမယ် လူတစ်ယောက်က စိတ်ညစ်ရင် ဘေး မှာ သူငယ်ချင်း ရှိရင် စကားပြောရင်းနဲ့ပဲ စိတ်ညစ်စရာတွေကို မေ့သွားတက်တယ် အဲ့တာကြောင့် စိတ်ညစ်စရာတွေဖျောက်ထား "

* သူ့ ကိုစတွေ့တဲ့နေ့က ယုန်သွားလေးတွေနဲ့ တကယ်ချစ်ဖို့ကောင်းတယ် စကားပြောတာကလည်း ကျွန်တော့်ကိုမကျေနပ်တဲ့အတိုင်း ဘဲ သူဝမ်နည်းနေရင် မနေနိုင်ဘူး သူ့ ကိုကာကွယ်ပေးချင်တယ် ခု အချစ်ကြောင့်ခံစားရတာတဲ့ ဟက်.... သူပျော်ရင်ပြီးတာပါပဲ ကျွန်တော်က ဗီလိမ် တစ်ယောက်မဟုတ်ဘူး စွန့်လွှတ်အနစ်နာခံပြီးချစ်မဲ့လူပါ သူ​ပြုံးနေတာလေးပဲမင်ချင်တာပါ *

" ဟု ကျွန်တော့်အကိုတစ်ယောက်လိုပဲ အကို့ကိုခင်ပါတယ် "

* ခုချိန် ကျွန်​တော် နားလည်လိုက်တယ် စန့်ရန်က သူ့ အပေါ် အရမ်းကောင်းတယ် အရင်က စပ်စုတယ်လို့ ထင်ခဲ့သမျှသည်လည်း ယခုချိန်တွင် ခင်တက်သော သူတစ်ယောက်လို့ပဲ ​မြင် ပါတယ်

အဖြူထည်သက်သက်[Complete]Nơi câu chuyện tồn tại. Hãy khám phá bây giờ