💚Part10❤

1K 54 1
                                    

[Unicode]

ချန်းမု ဒီကောင်လေးအားသူ၏ အိမ်ဆီသို့
ခေါ်လာသည် အမှတ်တမဲ့ကြည့်ရင်မသိသာ
ပေမဲ့ သေချာကြည့်ရင် ကျန့်ငယ်နဲ့သိပ်တူတာပဲ
ချန်းမု သူ့ကိုတွေ့မှ ကြောက်လန့်ငိုရိုနေသော
ကောင်လေး၏ ပုံစံအားပြန်တွေးရင် သူကျန့်ငယ်ကို
သတိရမိတယ် ကျန့်ငယ်က သူ့ဆီကထွက်သွားပြီ သူပြန်ဖမ်းမမိ နိုင်တော့ ဘူး မုန်းခြင်းတွေနဲ့ပေါ့
ဒါပေမဲ့ သူပေးတဲ့ ဘဝသစ်တစ်ခုမှာ ကျန့်ငယ်အဆင်ပြေနေပါစေ ကျန့်ငယ်ကိုယ့်အပြစ်တွေအတွက် ကိုယ့်မှာ ပြန်ပေးဆပ်နိုင်တာ မင်းလေးကို ပြန်လုပ်ပေးနိုင်တာ ဒါပဲရှိတာမို့ပါ ကိုယ်မင်းလေးကို ပြန်ရှာပြီး
အဝေးကနေပဲ စောင့်ရှောက်ပေးပါ့မယ်
သူကောင်လေး သတိမေ့နေသော မျက်နှာ
အားကြည့်ရင်းနှင့် ကျန့်ငယ်နဲ့ပိုပိုတူလာတယ်

"အပြင်မှာလူရှိလား "

"ဟုတ်ကဲ့သခင်ကြီး ရန်ရှိပါတယ် "

"ရန် အိမ်အနောက်ဘက်က ဟိုနတ်ဆရာဆိုတဲ့
တစ်ယောက်ကို သွားခေါ် ခဲ့ "

"ဟုတ်ကဲ့သခင်ကြီး "

..........

"သခင်ကြီး ရန်ရောက်ပါပြီ အေ အဲ့နတ်ဆရာမကိုခေါ်ခဲ့ "

အသက်အရွယ်လူလတ်ပိုင်းလောက်သာရှိသေးတဲ့
အမျိုးသမီး တစ်ယောက်အခန်းထဲသို့ဝင်လာတယ်
သူမရဲ့ တောင်ဝှေ့မှာ ကြိုးနီလေးတွေနဲ့ သီကုန်းထားတဲ့ ရွှေရောင်ခြူလုံးလေတွေရှိတယ် သူမရဲ့ နှုတ်ခမ်းတစ်စုံဟာတင်းတင်းစေ့ထားပြီး မျက်ရုံးတွေက
စူးရဲလှကာ စွန်တစ်ကောင်လိုပဲ သူမက ဘယ်အရာကိုမှမရောက်ရွန့်ဘူး သူမကို သူမကိုယ်သူမ အရမ်းမြင့်မြတ်တယ်လို့ထင်နေပုံပဲ သူမရဲ့ မျက်နှာ ကို မော်ချီထားပြီ ဘယ်အရာမှာ မှ ဦးမညွတ်သလို
ဟုတ်တာပေါ့ သူမက သူမရဲ့သခင်းကို ကူညီဖို့ ဒီအဆင့်နိမ့်လွန်းလှတဲ့ လူ့လောက ကို သူမ
ဆင်းသက်လာတာ သူ့မရဲ့သခင်ဟာ ကောင်းကင်ဘုံကနေအပြစ်ပေးဖခင်းခံရပြီး လူ့လောက ကိုရောက်ရှိလာတာ ရက်စက်လှတဲ့ ကောင်းကင်ဟာ သူ့မရဲ့သခင်ကို သိပ်ရက်စက်ခဲ့တယ်
အပြစ်ပေးပါတယ်ဆို ကံကြမ္မာ ရေးဆွဲသူနဲ့
ပူးပေါင်းပြီး သူမ သခင်ကို လူ့ဘဝရောက်သည်အထိ ရက်စက်လှတဲ့ကံကြမ္မာကိုပဲပေးခဲ့တယ် သူမလုပ်ရမှာက
ကံကြမ္မာရေးဆွဲသူနဲ့ ဆန့်ကျင်မှုများပြာလုပ်ရမှာပင်
သူမသေဆုံးသွားတဲ့အခါ နတ်ဘုရားတွေ
ခွင့်မလွတ်ရင်တောင် သူမ ဝိညာဥ်ကြွေလွင့်သွားပါစေ
သူမလမ်းကို သူမအဆုံးထိလျှောက်မယ်

အဖြူထည်သက်သက်[Complete]Where stories live. Discover now