❤Part7💚

1K 67 4
                                    

[Unicode]

သူမ ထင်းစားခန်းထဲသို့လာရင်း အားကျန့်လေးအကြောင်းပြန်တွေးနေမိတယ်

သူမဘဝမှာ သူမအမာင်လေးဘဲ ရှိတာမို့ မောင်လေးအကြောင်းလေးတွေဘဲ ခဏခဏပြန်တွေးနေမိတယ်

မားနဲ့ပါးဟာ အားကျန့်လေး၇နှစ်လောက်ထဲက
ဆုံးပါးသွားကြတယ် ယာဥ်မတော်တဆဖြစ်မှုဆိုပေမယ့် ဒါဟာရိုးရိုးသားသားဖြစ်တာ
မဟုတ်ဘူးဆိုတာ သူမသိပေမဲ့
သူ​မဘာ မှမလုပ်နိုင်ခဲ့ပေ မားတို့ ပိုင်တဲ့
ရှယ်ယာတွေ နဲ့ ကုမ္မဏီဟာလည်းဦးလေးရဲ့ မတော်လောဘကြောင့် ဆုံးရှုံးခဲ့ရတယ်
သူမကထိုအချိန်က အသက်၂၀ သာ
ရှိသေးသည်မို့ စီးပွားရေးနဲ့လည်း
ဘာမှ နားမလည်ခဲ့တာမို့ ကြောင့်လည်းဖြစ်တယ် သူမတို့မောင်နှမနေစရာ
အိမ်တောင်မရှိဖြစ်ခဲ့တုန်းက သူမရဲ့သူငယ်ချင်းကဘဲကူညီခဲ့တယ်
ဆွေမျိုးသားချင်းဆိုတာ
ဘယ်ချောင်ကပ်နေမှန်းမသိခဲ့ဘူး
နောက်ပိုင်း မားရဲ့ ကိတ်မုန့်ဆိုင်လေးကို ပြန်ဖွင့်ရင်း သူမရဲ့မောင်ငယ်လေးအတွက်
သူမကြိုးစားခဲ့တယ် အားကျန့်က ကျန်းမာရေးချူချာတဲ့ကလေးမို့ သူမကပဲ အမေတစ်ဖုံးအမတစ်လှဲ့နဲ့စောင့်ရှောက်ခဲ့တယ် သူမရဲ့မောင်ငယ်လေးကို သူမသိပ်ချစ်တယ် မောင်လေးသာမရှိရင်လောကကြီးမှာ သူမဆိုတဲ့လူသားဟာလည်းရှိတော့မှာမဟုတ်ဘူး
'ကျန့်' ဆိုတဲ့သူမရဲ့မောင်လေးနမည်တစ်လုံးနဲ့ မားရဲ့ကိတ်မုန့်ဆိုင်လေးကိုပြန်လည်စတင်ခဲ့တာ ကိတ်မုန့်ဆိုင်လေးဟာလည်းနာမည်ရလာခဲ့ပြီ

"ကျဲ "

သူမဘယ်လောက်များအတွေးလွန်ခဲ့သလဲ သူမရဲ့မောင်ငယ်လေးတောင်ရောက်လာပြီ

"ကျဲဘာတွေတွေးနေတာလဲ အားကျန့်ဗိုက်ဆာပြီ "

"အေအေ စားလို့ရပြီ လာထိုင် .....ရော့ဒီမှာ အားကျန့်လေးအကြိုက် ငါးအချဥ်ချက် "

" အာ မထဲ့နဲ့!!! "

အလန့်တကြားပြောလိုက်တဲ့ အားကျန့်ကြောင့် သူမလန့်သွားတယ်

"အား အားကျန့်ဘာဖြစ်လို့လဲ "

"ကျွန်တော်ငါးမကြိုက်ဘူး "

"ဟင် "

" အဲ့လိုမဟုတ်ဘူး ဟို အားကျန့်ငါးမစားချင်လို့ ဟီးဟီး "

အဖြူထည်သက်သက်[Complete]Nơi câu chuyện tồn tại. Hãy khám phá bây giờ