[Unicode ]
"ခများ ခများ......."
ရှောင်ကျန့်ချန်းမုကိုတွေ့တာနဲ့ ခန္တာကိုယ် ဟာ တဆက်ဆက်တုန်ရီလာတယ် ကြောင့်ရွှံစိုးရိမ်ခြင်း
တွေကို ကိုယ်စားပြုတဲ့ မျက်ရည်တို့မှာ ပါးပြင်ပေါ်သို့ အသွင်သွင် စီဆင်းတယ်"အင်းဟုတ်တယ် ကိုယ်ပါ ကျန့်ငယ် "
"အီးဟီးဟီး တောင်းပန်ပါတယ် ကျွန်တော်
ခများဆီက ထွက်ပြေးလာခဲ့ပြီးပါပြီ ကျွန်တော့်ကို လွှတ်ပေးပါတော့ ကျွန်တော့်ကိုထပ်ပြီး ချုပ်နှောင်မထားပါနဲ့တော့ ""ကျန့်ငယ်ရယ် မငိုပါနဲ့ ကလေးရယ် တိတ်ပါ
မင်းငိုရင် အကို ရင်နာလို့ပါ "" ဟင့်.....ဟင့် အိမ်ပြန်ချင်တယ် အိမ်ကို
ပြန်ပို့ပေး ကျွန်တော့်ကိုအိမ်ပြန်ပို့ပေးပါ "ကလေးတစ်ယောက်လို ငိုယိုရင်း လက်အုပ်ချီတောင်းပန်နေသော ကလေးငယ်မှာ
သူ့ကို ဘယ်လောက်များ ကြောက်လန့်ခဲ့ လိုက်မလဲ
ကိုယ့်ကို ကြောက်ဖို့မလိုတော့ပါဘူး ကျန့်ငယ်ရယ်
မင်းကို ကိုယ့်ရဲ့ အဝေးကို တွန်းပို့ ထားပြီးပြီ မို့
ပြန်လည်ခေါ်ယူလို စိတ်ကိုယ့်မှာ မရှိပါဘူး
ကလေးရယ် မင်းက ဟိုးအဝေးက ကောင်းကင်
ထက်မှာ လွတ်လပ်စွာ ပျံသန်းရမယ် ငှက်ငယ်လေး
ပါကွာ အဓိက က ကိုယ့်ရဲ့အဝေးမှာပေါ့ ကလေးရယ်"အင် မငိုနဲ့နော် အကို ကလေးရဲ့ အိမ်ကိုပြန်ပို့မယ်နော်
မငိုနဲ့တော့ "". ........"
"လာကြစမ်း ကျန့်ငယ်ကို အိမ်ပြန်ပို့ပေးလိုက်
ဦးမင်ပါလိုက်သွား ""ဟုတ်ကဲ့ပါသခင်ကြီး"
...............
ရှောင်ကျန့်ကားပေါ်ရောက်သောအခါတွင် ဦးလေးမင်ပါ လိုက်ပါလာကြောင့်သိရတယ်
"ဦးလေးမင် နေကောင်းရဲ့လား "
"ဒီလိုပါပဲ ကလေးရယ် ဒီအဖိုးကြီးက
အသက်ကြီးပြီဆိုတော့ မသန်စွမ်းတော့ဘူးကွယ့်
နောက်ကျရင် သခင်ကြီးကိုရဲ့ ေဝယျာဝစ္စ
ဘယ်သူကများ လုပ်ပေးလေမလည်းကွယ် ""သူ့အတွက် ပူပေးမနေနဲ့ အဲ့လူယုတ်မာက
ေသ သွားရမှာ ""ကလေး သခင်ကြီးနဲ့ ဝေးဝေးနေ သခင်ကြီးက
မင်းကိုလွှတ်ပေးထားတာ အခွင့်အရေးကို ရအောင်ယူ
သခင်ကြီးလည်း သူ့အပြစ်တွေအတွက် ပေးဆပ်ခဲ့ပြီးပါပြီကွယ် သူ့ကြောင့်ဘဲ
ကလေးဒီဘဝသစ်ကို ပြန်လည်ရရှိတာ ဒီအတွက်
အကြွေးရှိတယ်လို့ ဦးလေးမင် မဆိုလိုပါဘူး ကလေးရဲ့ ဘဝကို သူကပဲ ဖျက်ဆီးခဲ့တာပဲလေ "
ESTÁS LEYENDO
အဖြူထည်သက်သက်[Complete]
FanficYiZhan ပါ ပထမဆုံး Ficမို့အမှားပါရင် သည်းခံပေးပါ Started 11.11.2022 Ended 29.11.2022