Chapter-2

505 104 8
                                    

Zawgyi
~~~~~~~
လီကျသ့်သည် ဒီမြင်ကွင်းကြောင့်အလွန် ထိတ်လန့်သွားသည်။ မိစ္ဆာစွမ်းအားကိုသူတကယ်ကြီး အတားအဆီးပြုလုပ်ထားတာတောင် ကျောင်းသားလေးကဘယ်လိုဖြစ်ပြီး သေသွားရတာလဲ??

လီကျင့်: "ဒါကငါ့အတွက်ပထမဆုံးအကြိမ်ဘဲ!မင်းကဒီလိုသေသွားတော့မင်းငါ့ကိုဒီလိုတန်းလန်းကြီးချန်ထားခဲ့ရသလား?"

လီကျင့် သူ့နဖူးကိုသူကိုင်လိုက်ကာ သူ၏ချောမောလှပသည့်မျက်နှာလေးသည်လည်း နီတစ်လှည့်ပြာတစ်လှည့်ဖြစ်နေ၏။ ဒီလိုလှပတဲ့ဇနီးလေးကအိပ်ရာထဲမှာ ရုတ်တရက်သေသွားတော့ သူ့ရဲ့လက်ရှိအခြေအနေကို ဖော်ပြဖို့ လီကျင့်အတွက်အရမ်းခက်ခဲနေသည်။ အဓိကအချက်က ငါသူ့ကိုထိခိုက်အောင် မလုပ်ခဲ့ဘူးလေ! တကယ်နာကျင်နေရတဲ့လူက ငါဘဲ...။ အနှိပ်စက်ခံလိုက်ရတဲ့လူလည်းသငါဘဲ...။အဖိခံထားရလို့ရှုံ့တွနေတဲ့လူကလည်းငါဘဲလေ!

လီကျင့်: "မင်းသေသွားတာငါ့ကိုအပြစ်မတင်နဲ့နော်... မင်းကအရမ်းစိတ်စောတာကိုး..."

လီကျင့်: "ဒါကဘာပါလိမ့်? ဟုတ်သားဘဲ...
ချီသွေးကြောဖောက်ပြန်ပြီးနှလုံးထိသွားတာ"

တိတ်ဆိတ်နေသည့်ကောင်းကင်တွင် ထူးဆန်းစွာဖြင့် လျှပ်စီးတွေ တဖျပ်ဖျပ်လက်ခနဲဖြစ်လာကာ ပြင်းထန်သည့်ပေါက်ကွဲမှုတစ်ခုလို
ကြမ်းကြုတ်ရက်စက်သည့်မိုးကြိုးတွေက တဟုန်ထိုးမြည်ဟည်းလာသည်။

ဤသို့ကောင်းကင်ဘုံနှင့်သက်ဆိုင်သည့် ထူးဆန်းသောသဘာဝဖြစ်စဉ်တစ်ခုက လီကျင့်မတုံ့ပြန်နိုင်ခင်မှာပင် သေးငယ်ကျစ်လျစ်ပြီး တွန့်လိမ်ကွေ့ကောက်သောပုံသဏ္ဍာန်ရှိသည့် မိုးကြိုးလျှပ်စီးကြောင်းတစ်ခုသည် သူ၏ဦးခေါင်းထက်မှ ထက်ရှသောဓားတစ်လက်ကဲ့သို့ တည့်မတ်စွာထိုးဆင်းလာ၏။ လျှပ်စီးမီးပွားတွေက လီကျင့်ရှိ​နေသောနေရာဆီသို့ ပစ်လွှတ်လာကာ လီကျင့်ကအလျင်အမြန်ပင် ​ရှောင်ရှားလိုက်သည်။ မိုးကြိုးလျှပ်စီးသည် ဝါးအိမ်အနောက်ဘက်သို့ ထိမှန်၍ မရေမတွက်နိုင်သောမီးပွားများ ထွက်ပေါ်လာ၏။

တစ်ခဏချင်းမှာပင် ဝါးအိမ်တွင် မီးတောက်လုံးကြီးများက ဝုန်းခနဲထတောက်လာကာ မီးတောက်များဖြင့်ပြည့်နှက်သွားပြီး မီးခိုးငွေ့များက လှိုင်းလုံး၊လှိုင်းလိပ်များပမာ ထူထပ်လာသည်။ လီကျင့်သည် အိပ်ရာပေါ်တွင်လဲလျောင်းနေသည့် ကျောင်းသားလေးကိုကြည့်လိုက်ပြီး တစ်ခဏမျှအတွေးရှုပ်သွား၏။

The Rabbit-Eared Demon King (Myanmar Translation) Where stories live. Discover now