“ဘာလဲဟ၊ Twilight ကြီးပဲ ပြမှာတဲ့လား?”
“Twilight က နောက်မှပြမှာ တဲ့၊ Pirates Of The Caribbean 4 အရင်ပြမယ်တဲ့”
“ဟာ ဟို ရေသူမတွေနဲ့ အပိုင်းလား”
“အေး ဟုတ်တယ်”
“ငါက နှစ်ကားလုံး ကြည့်ပြီးသားကြီးကို၊ လုပ်ပြီ ကိုပြည့်စုံတို့ကတော့”
ကိုပြည့်စုံဆိုသည်မှာ ကျောင်း၏ဝေယျာဝစ္စများကို ကူညီပေးရသူဖြစ်ပြီး အခုလိုညမျိုးမှာ ရုပ်ရှင်ပြဖို့အတွက် ဦးဆောင်လုပ်ကိုင်ပေးရသည့် တာဝန်လည်း ရှိလေသည်။ အလုပ်သမားတော့ မဟုတ်ပေ၊ ဘယ်ကိစ္စမဆို ဖင်ပေါ့ပေါ့နှင့် လုပ်တတ်ကိုင်တတ်ရှိသောကြောင့် ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင် အားကိုးနေရသော ကျောင်းဝန်ထမ်းတစ်ယောက်သာဖြစ်သည်။
ရုပ်ရှင်ပြမည်ဆိုတော့ ထုံးစံအတိုင်း တစ်ယောက်တစ်ပေါက်နှင့် ကိုယ့်အကြိုက်ရုပ်ရှင်သာ ပြပေးရန် တောင်းဆိုရင်း ငြင်းခုံနေကြခြင်းဖြစ်သည်။ ဘယ်လောက်ပဲ ငြင်းနေနေ ကိုပြည့်စုံပြသည့်ရုပ်ရှင်ကိုသာ ကြည့်ရမည်မှန်းလည်း သိနေကြသောကြောင့် ရုပ်ရှင်ပြသည့်နေရာတွင် ကျောင်းသားတစ်ဝက်ခန့် ရှိနေတော့မည်မဟုတ်ချေ။
မိမိနှင့် နန္ဒ plan ကတော့ ရုပ်ရှင်လည်း တစ်ကားပြီးသည်ထိ ကြည့်မည်ဖြစ်ပြီး ထို့နောက်တွင်တော့ အဆောင်အပြင်ဖက် မြက်ခင်းပြင်တွင် ကြယ်ထိုင်ကြည့်ဖို့ ဖြစ်လေသည်။ ဆောင်းဝင်ပြီဖြစ်သောကြောင့် ချမ်းစိမ့်စိမ့်နှင့် ရုပ်ရှင်စုကြည့်ရသည်မှာလည်း feel တစ်မျိုးပင်။ ချစ်ရသူ၏ရင်ခွင်ထဲမှ ကြည့်ရမည်ဆိုလျှင်တော့ perfect feel ပေါ့လေ...
ရုပ်ရှင်ပြသမည့်နေရာမှာ A ခန်းနှင့် B ခန်းကြား ကျောင်းသားများ အနားယူရာ/ဆော့ကစားရာ နေရာကွက်လပ်တွင်ဖြစ်သည်။ projector ဆင်ထားပြီးပြီဖြစ်၍ တအောင့်ကြာလျှင် တစ်ဆောင်လုံး အမှောင်ချလိုက်ပြီး စတင်ပြသတော့မှာဖြစ်သည်။ အစားကြူးသော အောင်ပြည့်ကတော့ အစောတည်းက ထောပတ်ပေါက်ပေါက်ဆုပ်ဘူးကြီးတစ်ဘူးပိုက်ပြီး အအေးဘူးများ အခြား သွားရည်စာမုန့်များစုံလင်စွာနှင့် နေရာကောင်းသို့ ကြိုဦးထားပြီးဖြစ်လေသည်။

YOU ARE READING
Lovely Bhone (one-shot MYANMAR BL)(COMPLETED)
Contoကျွန်တော်ဆိုသည်မှာ ချစ်ရသူ ပေးသော အချို၊ အခါးများကို ပျော်မွေ့စွာ လက်ခံယူမည့်သူဖြစ်သည်မို့ ချစ်ရသူမှ ချိုမြိန်ခြင်းများ ပေးလျှင် မြိန်ယှက်စွာ သုံးဆောင်မည်ဖြစ်ပြီး ချစ်ရသူမှ ခါးသက်ခြင်းများသာ တိုက်ကျွေးလျှင်လည်း ကျေနပ်စွာ ပျော်ဝင်နေဦးမည် ဖြစ်သည်...