Sunoo လည်း အခန်းထဲကသူငယ်ချင်းတေွနဲ့ဆရာမရဲ့အားပေးမှုကြောင့် Niki ဆီကို ချဉ်းကပ်သွားခဲ့တယ်
ကိုယ်တယောက်လုံးဘေးမှာရပ်နေတာတောင် မကြည့်တဲ့ ကောင်လေးဟာ တကယ်ကို အမြင်ကပ်စရာပဲ
Sunoo လည်းစိတ်ကိုလျှော့လိုက်ပြီး
" ဟို ကျွန်တော် ဒီမှာထိုင်လို့ရမလား "
မေးသာမေးလိုက်ရပေမယ့် Sunoo ကိုမော့တောင်မကြည့် နောက်တခါထပ်မေးပေမယ့်လည်း မကြည့်ပြန်တော့ Kim Sunoo လေးတင်းလေပြီ
" ဒီမှာလို့ ခေါ်နေတာကို အဲ့လိုပြုမူနေတာ တော်တော်ရိုင်းစိုင်းတာပဲ စာလုပ်မယ့်ရုပ်လည်းမဟုတ်ပဲနဲ့ "
Sunoo လည်းဗြစ်တောက်ဗြစ်တောက်နဲ့ မျက်နှာလေးမဲ့ကာပြောနေပါတယ် အမှန်တော့သူညောင်းနေပြီ ထိုင်ချင်နေပြီ အရင်ကျောင်းမှာဆိုရင် မထိုင်ခိုင်းလည်းသူက ဇွတ်ထိုင်ပစ်တာပဲ အခုကကျတော့ ကျောင်းအသစ် နောက်ပြီးတော့ သူ့ကိုချစ်ခင်ကြတဲ့လူတွေရှိတယ် ဇွတ်တရွတ်လုပ်လိုက်ရင် သူ့ကိုတမျိုးထင်ကုန်ကြမှာပေါ့
Niki pov
Niki လည်းပြတင်းပေါက်လေးကိုခပ်ဟဟဖွင့်ပြီး စာဆက်တွက်နေလိုက်တယ် ပုစ္စာတွေကတွက်လေတွက်လေ သူ့အတွက် ရေလိုပဲ သောက်ပဲသောက်ချင်နေတော့တဲ့အထိကိုဆွဲဆောင်လွန်းတယ်
သူလည်းအရှိန်ရပြီး တပုဒ်ပြီးတပုဒ်တွက်တယ် ဆရာမက ကျောင်းသားအသစ်ရောက်တာကိုမိတ်ဆက်ပေးနေတာကို မကြားတချက်ကြားတချက်ပါပဲ သူ့အတွက်ဒါတွေကအရေးမကြီး ခေါင်းထဲလည်းထည့်မထား အရေးကြီးတာက စာ
သူ့ဘ၀ကလည်းစာနဲ့ပဲပြီးဆုံးနေတာ မနက်မိုးလင်းရင်မနက်စာစားမယ် ပြီးရင် " စာ "
နေ့လည်ကျရင် jungwon ခြေဦးတည့်ရာသွားတာကိုလိုက်ရမယ် ကျောင်းပြန်တက်ရင် " စာ " အားကစားလုပ်ရမယ့်အချိန်ပေးမယ် ပြီးရင်ကျောင်းဆင်းတယ် အိမ်ပြန်ရောက်ရင် ခန္ဓာကိုယ်ကို သန့်စင်ပြီးတာနဲ့ " စာ " ညနေစာမစားခင်အထိပေါ့ စားပြီးရင် လည်း " စာ " ပါပဲ ဆိုတော့ မိဘတွေထက် စာ နဲ့တွေ့နေရတဲ့အချိန်ကအရမ်းများနေတော့ စာ ကသာလျှင်သူပျော်မွေ့ရာတခုဖြစ်သွားပါတယ်
YOU ARE READING
ကျွန်တော်ရဲ့ ကိုကို
Romanceအေးစက်စက်နိုင်တဲ့ကျွန်တော်နဲ့ မြင်တဲ့လူတိုင်းကြွေတဲ့ ကျွန်တော့်ရဲ့ ကိုကို