ကျွန်တော့်ရဲ့ ကိုကို

244 52 1
                                    

ဒီလိုနဲ့ပဲ ကျောင်းတက်ရက်တွေတရက်ပြီးတရက်ပေါ့ Jungwon နဲ့ Sunoo နဲ့ကအရမ်းကိုခွဲမရခွာမရသူငယ်ချင်းလေးတွေဖြစ်လာကြပါတယ်

စာကဘ၀ကြီးမဟုတ်ဘူး ဆိုတဲ့ခေါင်းစဉ်အောက်မှာရှင်သန်ကြတဲ့သူတို့နှစ်ယောက်က Niki နဲ့တော့လုံး၀ကိုဆန့်ကျင်ဘက်

ဒါကြောင့်လည်း Niki ကို Jungwon ကသိပ်မပေါင်းတော့ပါဘူး Sunoo လည်း Niki နဲ့ခင်ချင်ပေမယ့် သူ့ရှေ့ကိုရောက်ရင် ရင်ခုန်မြန်တာကတကြောင်း စိတ်လှုပ်ရှားလွန်လာတာကကြောင်း ‌အကြောင်းအမျိုးမျိုးနဲ့ပေါ့ သူ Niki နဲ့စကားမပြောနိုင်ပဲ အဝေးကနေ ခိုးခိုးငေးနေရတယ်

ကြာလာတော့ Jungwon တောင်သိလာတယ် သူတင်မကပါဘူး တစ်တန်းလုံးလည်းသိနေပါပြီ ဆရာဆရာမတွေရော ပေါ့

ဒါလည်းသူဘယ်လိုမှမနေ သူချစ်နေတာကိုသိစေချင်တာ ထိုကောင်လေးကိုသာ

အဖတ်လည်းမလုပ်စကားပြောရင်လည်း စူးရှတဲ့အကြည့်နဲ့ကြည့်ပြန်တော့ မကြည့်နိုင်ပဲ Sunoo ကပဲအရှုံးပေးရပြန်ပါတယ်

ပန်းစည်းတွေ ။ စာတွေ ။ ချောကလက်တွေ ။ ရေဘူး ။ အစရှိသ၍ပေါ့ ထိုကောင်လေးနားမှာ ကျောင်းမဆင်းသ၍ လိုက်ကပ်နေတဲ့ Kim Sunoo ဟာ လုံး၀ကိုမပင်ပန်း

Sunoo သိပါတယ် သူ့ကိုစိတ်ရှုပ်ရင် အစတည်းကဒီလိုတွေလုပ်ရင်ပြောမှာပေါ့ အခုမပြောဘူးဆိုတော့ စိတ်မရှုပ်ဘူးပေါ့ ဒါလေးကိုတွေးတိုင်းတွေးတိုင်း ဘယ်ဘက်ကနေ နှလုံးခုန်‌သံ‌ေ‌လးကတစတစမြန်လာပါလေရော အဲ့လို Niki နဲ့ပက်သက်ရင်နှလုံးသားလေးက ကုသလို့မရတော့တာ

Sunoo စိုးရိမ်မိတာ အော်မဟုတ်ဘူး စိုးရိမ်ခဲ့တာက သူတို့ကြားမှာ ကောင်မလေးတယောက်ပေါ်လာရင်ဆိုတာပါပဲ သူအဲ့တာကိုတကယ်ကြောက်တယ် သူပဲနာကျင်မှာကိုသိနေလို့လေ

ဒါပေမယ့် လက်တွေ့ကတော့ :)

Niki က မိန်းကလေးတွေလမ်းလျှောက်လာတာကိုမြင်ရင် ဥပမာ မိန်းကလေးတွေက ဘယ်ဘက်ကနေလာနေရင် သူကညာဘက်ကနေသွားတာမျိုးပေါ့ လှေကား‌ဆင်းမလို့ မိန်းကလေးတွေတက်လာရင် သူက နံရံမှာကပ်နေတာမျိုးတွေပေါ့ ဒါကြောင့်လည်း Sunoo အရမ်းကိုအပျော်တွေလွန်နေတာပေါ့ yay !!

ကျွန်တော်ရဲ့ ကိုကိုWhere stories live. Discover now