ကျွန်တော့်ရဲ့ကိုကို

320 59 0
                                    

ဒီနေ့သူတော်တော်ကံကောင်းနေပုံရတယ်

မနက်ခင်းစောစောစီးစီးမှာတင် Niki နဲ့တွေ့ရတယ် ကျောင်းကိုလည်းတူတူသွားခွင့်ရတယ်

ဒါကတော့ ချစ်မိတဲ့လူတိုင်းဖြစ်ချင်မိတဲ့ဆန္ဒလေးအချို့ပေါ့

Anyway ~~~~

သူဒီနေ့အရမ်းတွေပြုံးနေတော့ လူတိုင်းကသူ့ဆီကအကြည့်မလွှဲကြဘူး

Sunoo လည်းကြာတော့ရှက်လာတယ် သူကပျော်လို့ပြုံးတာကိုလူတွေက ချစ်စရာလေးပြောလိုက် ပါးကိုလာဆွဲလိုက်နဲ့ သူက ၅ နှစ်သားအရွယ်လေးမှမဟုတ်တာ မကြိုက်ဘူးလားဆိုတော့လည်းကြိုက်ပါတယ်ပေါ့ :)

အဲ့ဒါအပြင် အကောင်းတကာ့အကောင်းဆုံးနဲ့လူတိုင်းအံ့အောရတဲ့အဖြစ်မျိုးတွေဖြစ်တော့မှာကို သူသိရင် နှလုံးခုန်ရပ်သွားလေမလား :)

sunoo လည်းအခန်းထဲကိုမြန်မြန်ပြေးသွားပြီး သူ့ခုံသူရောက်မှ အမောဖြေတော့တယ် ရင်ဘတ်လေးဖိပြီး မျက်စိမှိတ်ထားတာလေးကလည်း တမျိုးချစ်စရာကောင်းနေပြန်

jungwon လည်းသူကောင်‌မလေးတွေနဲ့စကားပြောနေတုန်းသူ့သူငယ်ချင်းကြီးရောက်လာတော့ ယပ်တောင်တချောင်းကိုခတ်ပြီးနောက်လက်တဖက်ကိုလက်ပစ်ထားကာ ဆရာကြီးစတိုင်နဲ့ sunoo ခုံရှေ့ကခုံမှာ ( သူ့ခုံပေါ့ ) ၀င်ထိုင်လိုက်တယ်

ပြီးတော့ နှုတ်ခမ်းနှစ်လွှာကိုဖိကိုက်ရင်း သူ sunoo ဘာဖြစ်လာလဲဆိုတာ မေးရကောင်းမလားစဉ်းစားနေတယ် အဲ့လိုဖိကိုက်ထားတဲ့အတွက် သူ့ပါးချိုင့်လေးနှစ်ခုကပေါ်လွင်ပြီးသူလည်းပဲချစ်စရာကောင်းနေပြန်ပါ‌တယ်

sunoo လည်းအမောဖြေပြီးတော့မှ အရှေ့ကသူ့ကိုအကဲခတ်ပြီးကြည့်နေတဲ့ ဆရာယန်းကိုတွေ့လိုက်ရတယ် ( ဆရာယန်းလို့ဘာလို့ခေါ်တာလဲဆိုတော့ တရုတ်ကားတွေထဲကလို ယပ်တောင်ကြီးတကားကားနဲ့ နောက်လက်ကိုလည်းအနောက်ကိုလက်ပစ်ထားလို့ပါ )

sunoo - ကဲ ဘာမေးမလို့လဲ ဆရာတော်

jungwon လည်းအတွေးလွန်နေရင်းမှ သူ့သူငယ်ချင်းလေးက နှုတ်ခမ်းကြီးထော်ပြီးမေးတော့ သူရယ်ချင်ပေမယ့် ဆရာတော်လို့ပြောလိုက်တော့ သူလည်းပဲ နှုတ်ခမ်းပြန်ထော်ပြလိုက်တယ်

ကျွန်တော်ရဲ့ ကိုကိုWhere stories live. Discover now