ကျွန်တော့်ရဲ့ ကိုကို

529 55 0
                                    

သာယာတဲ့မနက်ခင်းလေးတခုမှာ ကျောင်းသားကျောင်းသူတွေက သူတို့မေမေတွေ လုပ်ထားတဲ့မနက်စာလေးတွေစားပြီး လမ်းလျှောက်ပြီးကျောင်းသွားတဲ့လူတွေနဲ့ ကျောင်းကားစီးပြီးသွားတဲ့သူတွေနဲ့ စက်ဘီးကိုယ်စီနဲ့သွားကြတဲ့လူတွေနဲ့ ပျော်ရွှင်ဖို့ကောင်းနေတာအမှန်

စကားပြောနေကြတဲ့အသံလေးတွေ စက်ဘီးက ဘဲလ် သံလေးတွေ ကားသံလေးတွေ နဲ့ အပြိုင် ကောင်းကင်က တိမ်တိုက်လေးတွေက လည်းရွေ့လျားနေပြီး နောက်ခံ အပြာရောင်လေးကလည်း မြင်တဲ့လူတိုင်းကို ရင်ထဲကြည်နူးစရာအတိ

ဒါဆို အဓိကမင်းသားလေးရဲ့ အိမ်လေးဆီကို သွားကြည့်ကြတာပေါ့

မင်းသားလေးရဲ့မေမေကဘာတွေချက်နေတာပါလိမ့် အနံ့ကတော့ လုံး၀ကိုမွှေးကြိုင်နေပြီ အနံ့နဲ့တင်ဗိုက်ဆာစေတာမျိုး

မင်းသားလေးဖေဖေကတော့ သတင်းစာထိုင်ဖတ်နေပါတယ် ဒါကတော့ အသက်အရွယ်ရပြီဖြစ်တဲ့ယောင်္ကျားလေးတိုင်း မနက်ခင်းလုပ်နေကြ အကျင့်တခု

မင်းသားလေးကရော ?

သူ့နာမည်ကတော့ Niki အရှည်ကောက်ကတော့ Nikishimura Riki လူတိုင်းကတော့ သူ့ကို niki လို့ခေါ်နေကြပါ သူ့တစ်ဦးတည်းသောသူငယ်ချင်းလေး jungwon ကတော့ nikimura လို့ခေါ်တယ်

သူကတော့ ဒီဇင်ဘာလမှာမွေးဖွားတဲ့အတွက် အအေးဓာတ်ကငယ်ငယ်ကတည်းကနေအခုထိကို အေးနေဆဲပါ  နဂိုတည်းက အေးတဲ့လူတွေဟာ စာတော်တယ်တဲ့ အဲ့အယူတွေလိုပါပဲ သူလည်းပဲ ထိပ်ဆုံးမှာ‌ပဲနေပြီး အောက်ဆင်းရတာကိုမမြင်ရတဲ့ ကျောင်းသားလေးတစ်ဦးပေါ့

စာတော်ရင် လူကြိုက်များတယ်ဆိုတာ ရုပ်ရှင်ကားထဲမှာတင်မဟုတ်ပါဘူး အပြင်မှာလည်းအမြဲရှိပါတယ် ဒါကထုံးစံလိုပါပဲ

ဆိုလိုတာကတော့ သူလည်းနာမည်ကြီးပါတယ် အကြောင်းကတော့ စာတော်တာရယ် အားကစားထူးချွန်တာရယ် ရုပ်ချောတာရယ် တည်ငြိမ်တာရယ်ကြောင့်ပေါ့

မုန်းတဲ့လူကတော့ရှိစမြဲဆိုပေမယ့် သူကတော့မရှိပါ အကြောင်းအရင်းဆိုတာကလည်းမရှိပါ

ရုပ်ရှင်ထဲမှာလည်း မင်းသားဖြစ်သူက စာတော်ပြီးနာမည်ကြီးပေမယ့် အချစ်ကို စိတ်မ၀င်စား ဟုတ်၏ သူသည်လည်းစိတ်မ၀င်စားပါ

ကျွန်တော်ရဲ့ ကိုကိုWhere stories live. Discover now