"ဟေ့ကောင် ထလေကြောက်နေတာလား ယောကျာ်းဖြစ်ပြီး ""သူများအိမ်မှာ ကပ်နေရတဲ့ ကောင်ငါတို့အတန်းထဲမှာ ဒီလိုကောင်မျိုးရှိနေတာ သိပ်ခါကျတယ်"
ကျွန်တော်တို့က ဆင်းရဲတယ်ဟုတ်ပါတယ် သူများအိမ်ကပ်နေရတာ အဖေက ကားဒရိုင်ဘာအမေက သူများအိမ်ကအလုပ်သမား
" လုပ်စမ်းပါ မင်းတို့စိတ်ကျေနပ်တဲ့အထိ ငါသေသွားတော့လဲ မင်းတို့လို ခွေးကောင်တွေ လက်ထဲက မြန်မြန်လွတ်တာပေါ့"
"သေချင်နေတယ်ပေါ့ ထစမ်း ထစမ်း"
" နင်တို့လွှတ်စမ်းနင်တို့တွေ တော်တော်လွန်လာပီ ဘာလို့ လူတဖက်သားကို အဲ့လောက်တောင် နှိမ်ဆက်နေကြတာလဲ"
"နာအွန်း "
" ဂျောင်ဝူး နင်လဲ သူတို့ နှိပ်ဆက်သမျှကိုခံမနေနဲ့ လာသွားမယ်"
*ကျွန်တော့်ကို လူမဆန်တဲ့ ကောင်တွေကြားကနေ ခေါ်ထုတ်လာတဲ့ သူကတော့ နာအွန်း' နာအွန်းတို့ မိသားစုက ကျွန်တော်တို့ မိသားစုရဲ့ ကျေးဇူးရှင်တွေပါ ကျွန်တော် အရွယ်မရောက်ခင်ထဲက ကျွန်တော့်မိဘတွေက နာအွန်းတို့ မိဘတွေ စီမှပဲအလုပ်လုပ်ခဲ့တယ် နေစရာပေးတယ် ကျွန်တော့်ကိုလဲ ကျောင်းထားပေးတယ် ဒါပေမယ့် နာအွန်းရဲ့ အမေကိုတော့ ကျွန်တော်နည်းနည်းမှကြည့်မရ*
"ပတ်ဂျောင်ဝူး နင်လက်မပါဘူးလား သူတို့လုပ်သမျှ ဒီအတိုင်းပဲ ခံနေတော့မှာလား"
"ဒါတွေက ငါ့အတွက်ရိုးနေပါပီ"
" မျက်နှာကိုလဲကြည့်အုံး လာငါဆေးထည့်ပေးမယ်"
*နာအွန်းကကျွန်တော့်အပေါ် တကယ်ကောင်းတယ် လှတယ် ချစ်စရာလဲကောင်းတယ် ဒီလို ဘာမှပြောစရာမလိုတဲ့ကောင်မလေးကို ပိုင်ဆိုင်ရမဲ့သူက ကံအကောင်းဆုံးလူဖြစ်လိမ့်မယ်*