"ရူတို မင်းပတ်ဂျောင်ဝူးကို နမ်းလိုက်တယ်""ဒိုယောင်း ဆာဟိ မင်းတို့မြင်လိုက်တာလား"
ဂျောင်ဝူးထွက်သွားပီး ရူတိုအနားကို ဒို ယောင်းနဲ့ ဆာဟိ ရောက်လာတယ် အဖြစ် အပျက်တွေအားလုံးကို မြင်လိုက်တယ်ဆိုပါတော့
"သေချာကို မြင်လိုက်တာ ဆာဟိ ယောင်းကိုလဲ အဲ့လိုနမ်းပါ့လား"
နှုတ်ခမ်းဆူပီး ဆာဟိကိုချွဲနေတဲ့ ဒိုယောင်းလေး ရေခဲတုံးကြီးကတော့ ဒိုယောင်းရဲ့ ဆူနေတဲ့ နှုတ်ခမ်းလေးကို လက်ဖြင့် ဆိတ်လိုက်တယ်
"အ့" နာတယ်"
"အဲ့လိုပြောတာ ဒါနောက်ဆုံးဖြစ်ပါစေနော် ကင်ဒိုယောင်း"
"ဒါနဲ့ဟာရူတို မင်းဂျောင်ဝူးကို ကြိုက်နေတာလား"
"မသိဘူး ငါကသူ့ကိုလိုချင်တာ ငါ့အပိုင် အဖြစ် ရှိစေချင်တာ အဲ့တာပဲ သိတယ်"
"သူက မင်းကို လက်ခံမယ်ရောထင်လား"
" ငါမသိဘူး ငါလိုချင်ရင် ရအောင်ယူမယ် အဲ့ဒါပဲ ငါသိတယ် မင်းတို့ ငါ့အကြောင်း သိပါတယ်"
ငယ်ငယ်ထဲကလိုချင်တာ မှန်သမျှမရ ရအောင်ယူတတ်တဲ့ဟာရူတို မရနိုင်တာကို ပိုလိုချင်တာဟာရူတိုအကျင့်ပဲ*
"နေ့လည်က ရူတိုကဘာပြောတာလဲ"
"ဟို ဟိုစာအုပ်ငှားတာ သူမမှီလိုက်တဲ့ စာလေးတွေ ပြန်ကူးချင်လို့ ဆိုပီး "
"ဟုတ်လို့လား"
"တကယ်ပြောတာ ဟိုမှာကားလာနေပီသွားရမယ်"
ဂျောင်ဝူး နာအွန်းလက်ကိုဆွဲပီး ကားလာရာကိုပြေးသွားတယ် သူတို့နှစ်ယောက်ကို ရူတို ကြည့်နေတာကို သတိမထားမိ