"ရူတို ငါ့ကိုကယ်ပါဦး ရူတို"
"ဟေ့.... သတိထားအုံးလေ"
မျက်လုံးမှိတ်ပီးအတင်းရုန်းနေတဲ့ ကောင်လေးကြောင့် အဲ့လူဘာလုပ်ရမလဲမသိတာ ကောင်လေး ဘေးနား၀င်လှဲလိုက်ပီး ကောင်လေးကို သူ့ရဲ့ ရင်ခွင်ထဲမှာ ထွေးပွေ့ထားကာ ကောင်လေးရဲ့ ကျောလေးကို သူ့လက်ကလေးနဲ့ အသာလေးပုပ်ပေးနေသည်။
"ကိုယ် ရှိတယ်နော် အိပ်တော့ မင်းဘာမှမဖြစ်စေရဘူး"
ထိုသို့ ပြောလိုက်မှာ ငြိမ်ကျသွားတဲ့ကောင်လေး
* ဒီကောင်လေး အိပ်မက်ဆိုးတွေမက်နေတာလား ဘာတွေများဖြစ်ခဲ့လို့လဲ ရူတိုဆိုတာ ဘယ်သူလဲ နေပါဦး ခုမှတွေ့ဖူးတဲ့ ဒီကောင်လေးကို ငါဘာဖြစ်လို့ ဒီလောက် စိတ်ပူနေတာလဲ ဂျယ်ဟျော့ မင်းသတိထားစမ်း*
ကိုယ့်ကို ကိုသတိပေးလိုက်ပေမယ့်လဲ ထိုကောင်လေးက ကိုယ့်ရဲ့ အိပ်ယာထက် တင်မဟုတ်ပဲ ရင်ခွင်ထဲတောင် ရောက်ရှိလို့နေပီ
"ဒယ်ဒီ ဂျောင်ဝူးကို တစ်ခုခုလုပ်လိုက်တာလား"
"မင်းဘာတွေလာပြောနေတာလဲ ဟာရူတို"
"ဂျောင်ဝူး ပျောက်နေတယ် ဘယ်မှလဲရှာလို့မတွေ့ဘူး"
"မင်းကောင်လေးပျောက်တာ ဒယ်ဒီနဲ့ ဘာဆိုင်လို့လဲ"
"မသိဘူးဗျာ ဒယ်ဒီလူတွေကို ဂျောင်ဝူးကို
မတွေ့ တွေ့အောင်ရှာခိုင်းပေးပါ ကျွန်တော့်ဘဝမှာဂျောင်ဝူး မရှိလို့မဖြစ်ဘူး ကျေးဇူးပြုပီး တွေ့အောင်ရှာပေးပါ"