အမှတ်မထင်တွေ့ဆုံမှုတွေက မမျှော်လင့်တဲ့ အမှတ်တရတွေပေါက်ဖွားစေတယ်။
******ပဲရစ်မြို့ရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ အီဖယ်တာဝါအနားက ဆိုင်တဆိုင်မှာ ဝိုင်ခပ်ပြင်းပြင်းကို ထိုင်သောက်နေမိတယ်။လည်ချောင်းထဲ စူးရှရှအရသာနဲ့ အတူတူ မျက်၀န်းညိုတွေဟာလည်းညှို့ကာမှိုင်းလို့....။လေပြင်းတချက်ဝှေ့တော့ ရွှေအိုရောင် ဆံနွယ်တွေက လေနဲ့အတူ လွင့်ပျံတယ်။တချိန်က အားရပါးရပြုံးပျော်ခဲ့ဖူးတဲ့ နှုတ်ခမ်းပါးက အခုတော့ အရက်မျိုးစုံကို မြည်းစမ်းခဲ့ဖူးလေပြီ။တချိန်က သူမကို တရွှန်းတစားကြည့်ခဲ့တဲ့မျက်၀န်းတွေက အခုတော့ လမ်းမပေါ်မှာ ခြေချင်းထပ်အောင်လျှောက်နေကြတဲ့ ထူထပ်လှတဲ့လူတွေကို ကြည့်နေမိတာပေါ့။ ပြီးတော့ မျက်၀န်းညိုတစ်စုံက ဘယ်တော့မှ သစ္စာမဖောက်တတ်တဲ့ ဝိုင်ပုလင်းတွေနဲ့ ဘီယာဘူးတွေဆီ ရောက်သွားတယ်..။
"ဟေး အသဲကွဲနေတာလား"
ရုတ်တရက်ကြားလိုက်ရတဲ့ စကားသံနဲ့အတူ ဘယ်သူ့လက်မှန်းမသိတဲ့ လက်တဖက်က ဝိုင်ခွက်ဆီကို ဦးတည် ရောက်ရှိလာတယ်။ထို့နောက် ဝိုင်ခွက်ကို မော့ချလိုက်တယ်။ပဲရစ်မှာ ဘယ်ကတည်းက လူလိုမသိတဲ့သူတွေ ရှိလာတာလဲ။
"မင်းကသောက်နိုင်သားပဲ"
ထိုရဲတင်းတဲ့မိန်းကလေးက ပြောလာတယ်။စိတ်ရှုပ်နေသည်မို့ လှည့်ကြည့်ရန် စိတ်မ၀င်စား...
"ဟေ့ ငါက သရဲမဟုတ်လို့ လှည့်ကြည့်လို့ရတယ်နော်"
တယောက်ထဲ စကားတတွင်တွင်ပြောနေတဲ့ မိန်းကလေးက ပြောလာတယ်။ လှည့်ကြည့်တော့အရပ်ရှည်ရှည် သူမလို ရွှေအိုရောင်ဆံပင်ကို ပုခုံးနားထိချထားပြီး အနက်ရောင် ဂျာကင်ကို အဖြူရောင်ရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီနဲ့တွဲပြီး
စတိုင်လ်ကျကျ၀တ်ထားတယ်။ အင်းး ကြည့်လို့တော့ မဆိုးပါဘူး။အမြင်ကပ်စရာရုပ်ပေါက်နေတာကလွဲရင်...။"ဒီမှာထိုင်လို့ရလား။မင်းတယောက်တည်းဆို အဖော်ပြုပေးမလို့လေ"
ထိုသူက စကားထပ်ပြောလာတယ်။ အဲ့သူဆီအကြည့်ရောက်ပြီး ဘာမှပြန်မပြောမိပဲ စိတ်ရှုပ်စွာ ဆံပင်တွေကိုသာ သပ်တင်လိုက်တယ်။
YOU ARE READING
Red Chrysanthemums
Fanfictionနေကြာပန်းလေးတပွင့် နဲ့ နှင်းဆီပန်းလေးတပွင့်တို့ ချစ်ကျွမ်း၀င်မိကြတော့ red chrysanthemums ဆိုတဲ့ ဂန္ဓမာနီလေးပွင့်လာခဲ့တယ်။