Red Chrysanthemums

212 25 1
                                    

ဆောင်းလေတွေတိုက်တော့
ဒီနှလုံးသားမှာ ခိုက်ခိုက်ကိုတုန်လို့
လာပြီးထွေးပွေ့လှည့်စမ်းပါရှင်
ထိုရင်ခွင်မှာ မှီခိုပြီး
ထိုမျက်ဝန်းနက်နက်တွေထဲ
တစ်ဖန်ပြန်ခုန်ဆင်းချင်သေးပါရဲ့
******

ဒီဇင်ဘာတောင် ရောက်လာပြန်ပြီ..။ရိုဇန်းတစ်ယောက် လက်ထဲက နောက်ဆုံးလက်ကျန် စီးကရက်ကို မီးသတ်လိုက်တယ်။ညဘက်လည်း အိပ်မပျော်တာ ဘယ်လောက်တောင် ရှိနေပြီလဲ။‌ပြိုလဲအံ့ဆဲဆဲမို့ ဝိုင်တစ်ခွက်ကို မော့သောက်ရင်း ကောင်းကင်ကိုငေးကြည့်တော့ ကြယ်များက အစွမ်းကုန်လောင်ကျွမ်းနေရဲ့။

ရိုဇန်းတစ်ယောက် ထိုင်ခုံပေါ်မှာ ဟိုဟိုဒီဒီထိုင်တွေးရင်း အချိန်လည်း လင့်နေပြီမို့ အိပ်ဖို့ကြိုးစားမယ်ဆိုပြီး အားတင်းကာ အိမ်ခန်းထဲ၀င်ခဲ့တယ်။အိပ်ခန်းထဲအရောက် ဘေးတစ်ဖက်က မှန်ဘက်ကို စောင်းငဲ့ကြည့်ပြန်တော့ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်နေပြီး
စိတ်ထောင်းကိုယ်ကြေနေတဲ့ သူကိုပဲ ‌တွေ့နေရတော့ စိတ်ပျက်မိသား။မနက်ကျ ရောက်လာမယ့် သူငယ်ချင်းတွေကို ဒီလိုရုပ်ပျက်ဆင်းပျက်ပုံ မမြင်စေချင်ဘူး။သို့သော် ဂျီဆူးရဲ့ ကုထုံးနဲ့ လီဆာရဲ့ အကူအညီက သူမအတွက် ထိရောက်တယ်ပြောရမယ်ထင်တယ်။အရင်လို လူသေရုပ်ဟုတ်မနေတော့ပဲ နည်းနည်း ကြည့်ရအဆင်ပြေလာတယ်။ လီဆာ...လီဆာနဲ့ ခင်လာတောင် ကြာလာ‌ပြီ။အစစအရာရာကူညီပေးလို့ ကျေးဇူးတင်မိပေမယ့် အားလည်းနာမိတယ်။သူ့အစ်မနဲ့ ဆိုင်ကိုတောင် ပစ်ပြီး လာကူညီနေတာဆိုတော့ အစ်မဆူးလ်ဂီ သူမတို့ကို မေတ္တာပို့မနေဖို့ပင် ဆုတောင်းရမည်။

*******
လီဆာ ၀င်၀င်လာချင်း မေးရိုးအောက်ပြုတ်ကျတာ ပြန်တင်မရတော့ချေ။အကြောင်းအရင်းကား ရိုဇန်းက အိမ်တစ်ခုလုံးကို သပ်ရပ်နေအောင် ရှင်းထားသောကြောင့်ပင်။ကျားသားမိုးကြိုး မဖြစ်နိုင်တဲ့အရာတွေ ဖြစ်လာသေးတာပဲ။

"လီဆာ နင်အဆင်ပြေရဲ့လား"

ငုတ်တုတ်သေနေတဲ့ လီဆာကို ရိုဇန်းက စိုးရိမ်တကြီး ခေါ်လာတယ်။

Red ChrysanthemumsWhere stories live. Discover now