အရာရာ ဝေဝါးစွာဖြင့်
လှောင့်ချိုင့်ထဲက ငှက်ငယ်
ရုန်းထွက်ဖို့ရာ မျှော်လင့်ချက်တွေ
ကောက်ရိုးတစ်မျှင်စာတောင် မရှိခဲ့။*******
"မဟုတ်ဘူးလေ ဂျီဂျီရေ...ဒီဟာကို ဒီဘက်ရွှေ့ရမှာ ဟိုတစ်ယောက်က ရှူးရှူးဒိုင်းဒိုင်းနဲ့တံခါးစောင့်ဖွင့်ရင် ကွဲကုန်မှာပေါ့...ဟိုကောင်မလေးက အဲ့နှင်းဆီပန်းအိုးကို ဟိုပန်းပင်လေးတွေဘေးမှာ ထားကြည့်ပါလား လှမယ်ထင်တယ်"
ပန်းလာပို့တဲ့ လီဆာအပါအ၀င် ဂျီဆူးကိုပါ ပန်းအိုးတွေနေရာချခိုင်းပြီး ဟိုနေရာ ပြောင်းခိုင်း ဒီနေရာပြောင်းခိုင်းနဲ့ သူကိုယ်တိုင်ကျ ပေကုန်မှာကြောက်လို့မကိုင်ပဲ ဆရာမကြီးလုပ်နေတဲ့ ဂျဲန်းနီရယ်ပါ။ သူများအိမ်လာ ပန်းတွေမှာပီး တအိမ်လုံးခြယ်လှယ်နေသည်ကိုလည်း ပြန်ပြောဖို့ရာ သူ့မိန်းမကိုလည်း ကြောက်ရသေးသည်။ ဒါပေမယ့် ဒီပန်းတွေဟာ ကြာကြာခံမှာမဟုတ်တာ သူသိသည်။ ဘီယာနဲ့လောင်းချမိမှာမို့လေ။ ပန်းတွေကို ကြိုက်ပေမယ့် စောင့်ရှောက်ရမှာပျင်းသည်။ ရိုဇန်း သူတို့နားလျှောက်သွားကြည့်တော့ ဂျီဆူးက
"ရိုစီ ဒါနင့်အတွက် မစ်ရှင်ပဲ"
"ဟင် ဘာကြီး"
"မစ်ရှင်လို့ပြောတာ နင်ဒီအပင်တွေကို စောင့်ရှောက်ရမယ် အဲ့တာက အနည်းဆုံးတော့ နင့်စိတ်ကို ပေါ့ပါးစေမယ်ထင်တယ် အဲ ဘီယာတွေနဲ့တော့ လောင်းမသတ်နဲ့ပေါ့"
ဂျီဆူးက သူ့စိတ်ကိုသိနေသည်အလားပြောသည်။ စိတ်ထဲကနေ လှိုက်ခနဲ လူသတ်ချင်စိတ်ပေါ်လာတာမို့ စိတ်ကိုမနည်းလျော့ရသည်။
ဂျီဆူးနဲ့စကားပြောနေတုန်း ဂျဲန်းနီက အခန်းထဲ၀င်လာတယ်။"ရိုဇန်း ပိုက်ဆံရှင်းလိုက်"
"ဟင် ဘာဆိုင်လို့"
"ငါမှာတယ်ဆိုတာ နင့်အတွက်လေ ငါ့ပိုက်ဆံနဲ့၀ယ်ပေးမယ်မှတ်နေတာလား နင့်အတွက်လုပ်ပေးတာ နင်ရှင်းရမှာပေါ့"
YOU ARE READING
Red Chrysanthemums
Fanfictionနေကြာပန်းလေးတပွင့် နဲ့ နှင်းဆီပန်းလေးတပွင့်တို့ ချစ်ကျွမ်း၀င်မိကြတော့ red chrysanthemums ဆိုတဲ့ ဂန္ဓမာနီလေးပွင့်လာခဲ့တယ်။