မသောက်ဖြစ်တော့တဲ့ ကာဖီတွေ
မဖတ်ဖြစ်တော့တဲ့ စာအုပ်တွေ
မပို့ဖြစ်တော့တဲ့ လွမ်းဆွေးခြင်းကဗျာတွေ
မပြောဖြစ်တော့တဲ့ ချိုမြိန်ခြင်းအဘိဓမ္မာတွေ..။
******"နင် ဒီကို ဘယ်လိုရောက်နေတာလဲ ဂျူဟျွန်း"
"စိတ်ရှုပ်စရာတွေက ထွက်ပြေးလာတာ"
"သူက ပြဿနာကနေ လွတ်ရာလွတ်ကြောင်း ရုန်းထွက်လာခဲ့တာလေ သူ့ကိုချစ်တဲ့သူတွေကို ခံစားစေခဲ့ပြီး..."
ဂျီဆူးရဲ့မေးခွန်းကို ဂျူဟျွန်းက တုံ့ပြန်တော့ ဂျဲန်းနီကပါ ထပ်ပြောလာပြန်တယ်။ ဂျူဟျွန်းက စိတ်ရှုပ်နေတဲ့ပုံနဲ့ အဝေးကိုကြည့်တယ်။
"အဲ့လိုပြောလို့ရတာပေါ့ ဂျီဂျီရဲ့ ဒါက သူ့အကျင့်ပဲ မဟုတ်လား အိုင်းရင်းဘယ်"
ခနဲ့တဲ့စကားတွေကို သူမကြားချင်တော့ချေ။ဖြစ်ခဲ့ပြီးသား ကိစ္စတွေ ပြန်ပြောလည်း ဘာများထူးသွားမည်နည်း။ပြန်ဖြေရှင်းရန်လည်း အလိမ်အညာတွေဟုသာ သမုတ်ကြပြန်ဦးမယ်။
"ငါ ကိစ္စလေးရှိလို့ သွားရတော့မယ် ဒီနေ့တွေ့ခဲ့တာကို လှိူ့ဝှက်ထားပေးကြဖိူ့ မျှော်လင့်ပါတယ်"
ပူလောင်လာတဲ့စိတ်တွေကို မခံနိုင်သည့်အဆုံး ဂျူဟျွန်း ထွက်လာခဲ့သည်။စိတ်ပျက်စရာကောင်းလှတဲ့ ကိုယ့်ကြောင့် ဆူးလ်ဂီကိုပါ ထပ်နာကျင်စေမိမှာ စိုးရိမ်မိပြန်သည်။ကိုယ့်အမှားကြောင့်များ ပတ်၀န်းကျင် မိသားစု အရာအားလုံးကို ထိခိုက်စေရတော့မှာလား...အကယ်၍ မှားခဲ့တယ်ဆို ဘယ်အချိန်ကတည်းက စမှားနေခဲ့တာလဲ...?
*******"ဝိုး ဝိုး ဆူးလ်ဂီတို့ အရမ်းအူမြူးနေတာပဲ"
ရိုဇန်းတစ်ယောက် ဆူးလ်ဂီကိုကြည့်ရင်း ပြုံးစစနဲ့ပြောလာသည်။သူပြောသည့်အတိုင်း ဆူးလ်ဂီတစ်ယောက် ပါးစပ်စိမရအောင် ပြုံးပျော်နေသည်မှာ တခြားမဟုတ် လီဆာနဲ့ဂျူဟျွန်းကို တရား၀င်မိတ်ဆက်ပေးရတော့မည် မဟုတ်လား...။ဒီလိုဆိုတောင် အူမြူးနေမည်မဟုတ် အကြောင်းကား ဂျူဟျွန်းက လီဆာနဲ့ ညစာစားရင်း တစ်ခါတည်း သူမတို့စေ့စပ်ထားဖို့ ခွင့်တောင်းမည်ဆိုသည့်စကားကြောင့်ပင်။ဆူးလ်ဂီ သူနှင့် တူတူနေရဖို့ကို စိတ်ကူးယဉ်ခဲ့သည်မှာ ကြာလေပြီ။ခုတော့ ထိုအိမ်မက်လေးသည် အကောင်အထည်ပေါ်တော့မည် မဟုတ်လား...။
YOU ARE READING
Red Chrysanthemums
Fanfictionနေကြာပန်းလေးတပွင့် နဲ့ နှင်းဆီပန်းလေးတပွင့်တို့ ချစ်ကျွမ်း၀င်မိကြတော့ red chrysanthemums ဆိုတဲ့ ဂန္ဓမာနီလေးပွင့်လာခဲ့တယ်။