Part 3

5.7K 734 77
                                    

Unicode~

အိမ်က စားဖိုမှူးကြီးချက်တဲ့ မနက်စာလက်ရာထက် ကိုကြီးနဲ့အတူစားရတဲ့ မနက်စာအရသာက လုံးဝသာလွန်​ကောင်းမွန်​ကြောင်း တစ်​လောကလုံးကို ​ကြေညာ​မောင်းခတ်ချင်လိုက်တာ။

ကိုကြီး​ခေါ်လာတဲ့ ​ခေါက်ဆွဲဆိုင်က ရိုးရိုးရှင်းရှင်း​လေး။ ​ရိုးရိုးတန်းတန်းခေါက်ဆွဲတစ်ပွဲနှင့် ကင်မ်ချီသာ မှာစားဖို့ရန်ရှိသည်။
သည်​​နေ့မှ ​ခေါက်ဆွဲပြုတ်က အဲ့​လောက်​တောင် အရသာရှိ​နေရလား။ မယုံနိုင်စရာပါပဲ​နော်။

"ဒီနားမှာ ဒီဆိုင်ပဲရှိလို့။ မင်းကြိုက်တဲ့ steak​တော့ ရှိမှာ မဟုတ်ဘူး"

"ကိုကြီးကလည်း.. ငယ်..အဲ..ကျွန်​တော်က ​ခေါက်ဆွဲပြုတ်လည်း ကြိုက်ပါတယ်"

ကိုကြီးက ဘာမှမစားဘဲ သူချည်းစား​နေရ​တော့ အ​​နေရခက်သလိုလို။ မသိရင် သူကပဲ ကိုကြီးကို အငတ်ထားထားသလို ဖြစ်မ​နေဘူးလား။

"ကိုကြီးလည်း စားဦး​လေ"

"ကိုယ်အိမ်က စားခဲ့တယ်"

သူတို့မနက်စာစားပြီး ​ဆေးရုံကို အတူထွက်လာကြသည်။ ​နေ့တိုင်းသာ ကိုကြီးနဲ့ အလုပ်ချိန်တူ​နေရင် သိပ်​ကောင်းမှာပဲ။
အခု​တော့ တစ်​ယောက်ကမနက်ဂျူတီ၊ တစ်​ယောက်က ညဂျူတီလို မဆုံမကြုံတဲ့​နေ့​တွေ အပုံလိုက်။

"ကိုကြီး ညဂျူတီ​တွေက ဘယ်​နေ့လဲ"

"ဘာလုပ်မလို့လဲ"

"ကျွန်​တော်လိုက်ပို့​ပေးမယ်​လေ။ ညကြီးမင်းကြီး တစ်​ယောက်တည်း စိတ်မချဘူး"

"အဟင်း.. မင်းမ​ရောက်လာခင်တည်းက ဒီလိုပဲသွား​နေကျ။ ပြီး​တော့ လိုတာထက်ပိုပြီး မင်းနဲ့နီးကပ်မ​နေချင်ပါဘူး"

ထိုစကားက​တော့ Taehyung အရှိုက်တည့်တည့်ကို ထိသည်။ ရည်ရွယ်ပြီး​ပြော​လေသလား။ မရည်ရွယ်ဘဲ ​ပြောထွက်မိ​လေသလား သူမသိ။ သို့​သော် ​​သေချာတာက ကိုကြီးအ​တွေးထဲ သူက အမှိုက်လို​ကောင်ဖြစ်​နေတာပင်။
ဤအ​တွေးနဲ့အတူ သူ့နှုတ်ခမ်းပါးများ နှုတ်ဆိတ်သွားရသည်။

သူ ကိုကြီးကားထဲမှာ ကသိက​​အောက်ခံစားချက်နဲ့အတူ ​နေရခက်​​နေ၏။ ကံ​ကောင်း​​ထောက်မစွာပင် ​ဆေးရုံကားပါကင်ကို ​ရောက်လာ၍ ​တော်ပါ​သေးသည်။

ᒪᑌᗷᗷ - ᗪᑌᑭWhere stories live. Discover now