Part 22 (Final)

10.6K 804 84
                                    

Unicode~

ခွဲစိတ်ဓါးကို ညာဘက်လက်က ကိုင်ထားရင်း သူတ​ဖြေး​ဖြေး​မောဟိုက်လာသည်။ အ​ခြေခံ​လေ့ကျင့်မှု​လေးကို​တောင် သူမစွမ်းသာ။
​ဘေးနားက​​နေ Taehyungက သူ့ဘယ်ဘက်လက်ကို ခပ်ဖွဖွဆုပ်ကိုင်​ပေးသည်။

"ကိုကြီး လုပ်နိုင်ပါတယ်။ ကျွန်​တော့်ကို ယုံတယ်မဟုတ်လားဟင်"

"ကိုယ်​နောက်တစ်ကြိမ်အမှားလုပ်မိမှာ ​ကြောက်​နေတယ်"

"မလုပ်​မိ​စေရပါဘူး။ ကိုကြီးက အ​တော်ဆုံးခွဲစိတ်ဆရာဝန်​လေ"

ခွဲစိတ်မှုအ​ကြောင်း စာအုပ်မျိုးစုံကို အာဂုံ​ဆောင်နိုင်​လောက်သည်အထိ ဖတ်​နေခဲ့မိတဲ့ သည်ရက်ပိုင်း​တွေ။ စိတ်ဖိစီးလွန်းလို့ ​ခေါင်း​​မွေးဖြူလာသလို​တောင် ခံစားမိသည်။ ​
စာ​တွေ့အားဖြင့်​တော့ ခွဲစိတ်နည်းအဆင့်ဆင့်ကို သူအလွတ်ရလို့​နေသည်။ ခက်တာက လက်​တွေ့မလုပ်နိုင်တာ။ လုပ်ဖို့ ယုံကြည်ချက်မရှိတာ။
အ​ရေး​ပေါ် ခွဲစိတ်မှုတစ်ခုက သူ့အ​ခြေအ​နေကို သည်​လောက်ထိ ​အောက်ဆုံးဆွဲ​ခေါ်သွားလိမ့်မယ်လို့လည်း သူမထင်ခဲ့။

"ကိုကြီး လုပ်နိုင်ပါတယ်.. ​နောက်ထပ်ခွဲစိတ်မှု​တွေ အများကြီးလုပ်ပြီး အသက်​တွေအများကြီးကယ်တင်နိုင်ဦးမှာ။ ကျွန်​​တော် သိတယ်"

"မင်းရှိ​နေလို့ ​တော်​သေးတယ်"

Taehyung အချိုသာဆုံး ပြုံးပြမိသည်။ ကိုကြီးမ​ပြောလည်း ကိုကြီးသူ့ကို လိုအပ်​နေမယ်ဆိုတာ သူသိသားပဲ။ အဲ့တာ​ကြောင့်လည်း သည်​နေရာထိ လိုက်လာခဲ့တာ​ပေါ့။
သူက ကိုကြီးကို ပါရမီဖြည့်​ပေးချင်သူမဟုတ်လား။ ကိုကြီးကို စိတ်ရှုပ်​စေခဲ့သူ ဖြစ်ခဲ့လျှင်​​တောင် ပါရမီဖြည့်​ပေးချင်စိတ်က ပိုများသည်ကို​တော့ သူအာမခံနိုင်ပါ၏။

"ကိုကြီး အလွတ်ရပြီးသား ခွဲစိတ်မှု​​တွေပါပဲ.. ကိုကြီးအတွက် လွယ်ပါတယ်"

ကိုကြီးက သည်အလုပ်အ​​ပေါ်မှာ အမြဲတမ်းစိတ်နစ်ထားခဲ့သူ။ ဒါကိုသာ ပြန်မလုပ်နိုင်ရင် ပိုပြီးခံစားရလိမ့်မည်။ ဘယ်သူကများ သူ့​လောက် ကိုကြီးအ​ကြောင်းကို သိနိုင်မလဲ။ သူက နှစ်ဆယ်ချီလို့ တရိပ်ရိပ်​ငေးကြည့်ခဲ့ရသူပါ။
ကိုကြီးရဲ့ မျက်နှာ​လေး မြင်ရုံနဲ့ စိတ်ထဲဘာရှိတယ်ဆိုတာ တန်းသိနှင့်ပြီးလျက်သား​ပေါ့။

ᒪᑌᗷᗷ - ᗪᑌᑭWhere stories live. Discover now