Part 7

5.9K 759 78
                                    

Unicode~

"Park Eunyoungနဲ့ လာတာလား"

စိတ်ထဲ မ​ကျေမချမ်းဖြစ်သွားပြီး ပါးစပ်ကပါ ထုတ်​ပြောမိသည်အထိ။

ရင်ဘတ်ထဲက ခုလုလုခံစားချက်က နာကျင်​အောင့်သက်​နေ၏။ အဆက်အသွယ်ရှိ​နေခဲ့တာလား.. ကိုကြီးနဲ့ Park Eunyoungက​လေ။
သည်အ​တောအတွင်း သူကသာ အရူးတစ်​ယောက်လို ​​စေ့စပ်ဖို့ ပြင်​နေရတာ​ပေါ့။

မျက်လုံးထဲက မျက်ရည်​တွေ လျှံတက်လာသည်။ ဝမ်းနည်းစိတ်နဲ့ ​ဒေါသစိတ်၊ မနာလိုစိတ်.. အားလုံးက ​ရောပြွန်လျက်။
ထိပ်တိုက်ရင်ဆိုင်လိုက်သင့်လား။

သူ​ကြောက်​နေသည်။ အပြစ်လုပ်တာက ကိုကြီးဆို​သော်လည်း သူသွားမ​တွေ့ရဲ​လောက်​အောင် ​ကြောက်လို့​နေသည်။

"သွားနှုတ်ဆက်မလား"

"​တော်ပြီ.. ငါက လမ်းကြုံနှုတ်ဆက်ရမယ့်လူမျိုးမဟုတ်ဘူး"

ထို​နေရာက​နေ လှည့်ထွက်လာသည်။ လမ်းတ​လျှောက်လုံး မျက်ရည်မကျသွားမိ​အောင်၊ မငိုချမိ​အောင် ထိန်းထားရသည်က ပိုလို့ ပင်ပန်း​စေသည်။
ပိုဆိုးသည်က သည်ညမှာ ဂျူတီရှိ​နေသည့်အဖြစ်။ သူနားလို့မရသလို အိပ်ရာထဲ ​ခွေလဲမ​နေနိုင်။
အလုပ်သာမရှိရင် အိပ်ခန်းတံခါးပိတ်ပြီး သူငို​ကြွေး​နေမိမှာ အ​သေအချာ။

"ရိုးရိုးသားသား ​တွေ့တာ​နေမှာပါ"

"အိမ်​ထောင်​ဖက်​တွေ့ဖူးတဲ့ ​ယောကျ်ားနဲ့မိန်းမကြား ရိုးသားတဲ့ဆက်ဆံ​ရေးရှိနိုင်လို့လား"

သူနင့်သည်းစွာဖြင့် Sueကို ရင်ဖွင့်မိသည်။ ကားစတီယာတိုင်ကို ဆုပ်ကိုင်ထား​သော သူ့လက်က တုန်ရီ​အေးစက်လျက်။
အိမ်မြန်မြန်​ရောက်ပါ​စေ​တော့ဟူ၍သာ သူဆု​တောင်း​နေမိသည်။ အိမ်ပြန်​ရောက်လျှင် အ​နည်းဆုံး​တော့ မွှန်းကြပ်ခြင်းများ ​ပြေ​လျော့သွား​​လေမလား။

အိမ်​ရှေ့​ရောက်​ရောက်ချင်းပင် သူကား​ပေါ်က ဆင်းပြီး သူ့အိပ်ခန်းရှိတာ အ​ပေါ်ထပ်သို့ ​ပြေးတက်သွားသည်။ တံခါးကို ဝုန်းခနဲ ​ဆောင့်ပိတ်လိုက်ပြီး တအီအီငိုချမိ​တော့သည်။
စိတ်တင်းထားသမျှက ဤ​နေရာတင် တစ်ခန်းရပ်သွားသလို ခံစားချက်။ နဂိုစိတ်အခံမှာ စွဲကပ်​နေပြီးသားဖြစ်လျက်​​သော အားငယ်မှုက အလုံးအရင်းနဲ့ ထွက်​ပေါ်လာသည်။

ᒪᑌᗷᗷ - ᗪᑌᑭWhere stories live. Discover now