Part 18

5.8K 699 116
                                    

Recommended song - 'What the spring' by 10 cm

Unicode~

ခရီးက မနီး။ သူတို့ထွက်လာချိန်မှာပင် ည၈နာရီ​လောက်ရှိလို့​နေပြီ။
ခန့်မှန်း​ခြေအရ ည၁၁နာရီ​လောက်မှ အိမ်ပြန်​ရောက်လိမ့်မည်။
ကြားထဲက ကား​ပေါ်ထိုင်​နေရတဲ့ ၃နာရီအတွင်း သူတို့နှစ်​ယောက် တစ်​ယောက်ကိုတစ်​ယောက် ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲမသိ။
​ဘေးချင်းယှဥ်ထိုင်​နေရတာပဲ ကသိက​အောက်ဖြစ်လှပြီ။

Taehyungက ဘာလို့ အခုလို​တွေ လိုက်​လျှောက်လုပ်​နေလဲ သူနားမလည်​နိုင်တော့။ သူ့ကို မယုံဘူးဆိုတဲ့ သ​ဘောလား။ သည်​လောက်ထိ ပြဿနာ​တွေရှုပ်ယှက်ခတ်​နေတာ​တောင် Park Eunyoung​​ခေါ်ရင်လိုက်သွားမှာပဲလို့ ​တွေး​နေတယ်​ပေါ့။
ဒါက သဝန်တိုတာနဲ့မတူဘဲ သူ့ကိုမယုံကြည်တာ၊ သူ့ကိုယ်ကျင့်သိက္ခါကို ​စော်ကားလိုက်တာ။
သူ့အ​ပေါ် သည်​လောက်မှ မယုံကြည်ရင် သူတို့ဘယ်လို​​ရှေ့ဆက်ကြမလဲ။

"ဆိုးလ်ထဲမဝင်​သေးဘူးဆို​တော့ ကျွန်​တော်တို့ ကာရာအို​ကေ​လေးဘာ​လေးဆိုကြမလား"

လက်​ထောက်ဆရာ​၀န်​လေးတစ်​ယောက်က ထပြီး အကြံပြုလာသည်။ အုပ်စုလိုက် ခရီးတို​တွေမှာ ဘတ်စ်ကား​ပေါ် ကာရာအို​ကေဆိုတာက ထုံးစံတစ်ခုလို။ သူတို့ ​ကျောင်းသားဘဝတုန်းကလည်း လုပ်ခဲ့ဖူးသည်။ ထို့​ကြောင့် JungKook ငြင်းမ​နေ​တော့ဘဲ ​ခေါင်းညိတ်ပြလိုက်သည်။

မိနစ်အနည်းငယ်အကြာမှာ​တော့ သူ​ခေါင်းညိတ်မိသည့်အတွက် ​နောင်တအကြီးအကျယ်ရ​တော့သည်။
ကီး​ကြောင်​နေတဲ့အသံ​တွေနဲ့ တစ်​ယောက် micတစ်လုံးစီကိုင်ပြီး အပီအပြင်ဟဲ​နေကြတဲ့ အသံ​တွေ​ကြောင့် နားစည်ပင် ကွဲလုလု။
နဂိုက စိတ်ရှုပ်​နေသည့်အရှိန်နဲ့ ထိုအသံ​တွေအား ဘယ်လိုမှ ခံနိုင်ရည်မရှိ​တော့။

"Taehyung လာ​လေ ငြိမ်မ​နေပါနဲ့။ ဆိုကြမယ်"

"အင်း​လေ.. ​ကျောင်းတုန်းက မင်းဒီလိုဟဲ​နေကြပဲကို"

လက်​ထောက်ဆရာဝန်တစ်​ယောက်၏အ​ပြောကို အလုပ်သင်တစ်​​ယောက်က ဝင်​ထောက်ခံသည်။ Taehyungမျက်နှာက မအီမသာ။ ဒါကိုလည်း အဲ့သည်နှစ်​ယောက်က ရိပ်မိကြဟန်မတူ။
JungKookကို ​ကျော်ပြီး Taehyungကို ​နေရာက​နေ အတင်းဆွဲ​ခေါ်သည်​။

ᒪᑌᗷᗷ - ᗪᑌᑭWhere stories live. Discover now