အခန်း ၁

9K 525 34
                                    

Unicode

အိမ်မက်ရှည်ကို အဆုံးသတ်ရန် ရင်ဆိုင်ခြင်း

အိမ်မက်တွေက လက်တွေ့ဘ၀နဲ့ ဆက်စပ်မှုတွေရှိတယ်ဆိုတာကိုယုံသလား။ တစ်ခါတစ်ရံ အိမ်မက်တွေက ရှေ့ဖြစ်အကြောင်းအရာတွေကို နိမိတ်ပြတတ်ပြီး တစ်ခါတစ်ရံ အတိတ်ဘ၀ကမပြီးပြတ်သေးတဲ့ အရာတွေဆီပြန်ဆွဲခေါ်သွားတတ်တယ်။ တစ်ခါတစ်ရံ အိမ်မက်တွေကလက်တွေ့ဆန်တတ်ပြီး တစ်ခါတစ်ရံတော့ မောဟိုက်နွမ်းလျစေတယ်။

လူတစ်ယောက်က အိမ်မက်တစ်ခုကို တစ်ခါမက်ပြီး နောက်တစ်ကြိမ်ပြန်မက်လာဖိုဆိုရင်တော့ ဆန်းကြယ်တဲ့အရာတွေရှိခဲ့ဖို့ လိုလိမ့်မယ်။ အိမ်မက်တစ်ခုတည်းကိုပဲ အကြိမ်ကြိမ်မက်ဖိုဆိုရင်တော့ ဒါကမဖြစ်နိုင်လုနီးပါးအခြေအနေပါပဲ။ လုံး၀မဖြစ်နိုင်ဘူးဆိုတဲ့စကားမျိုးတော့ မသုံးချင်ဘူး။ ဘာလိုလဲဆိုတော့ အိမ်မက်တစ်ခုကို အကြိမ်ကြိမ်ပြန်မက်နေသူက သူကိုယ်တိုင်ဖြစ်နေခဲ့လို့။

ဒီလိုကိစ္စမျိုးက တစ်ထောင်မှာတစ်ယောက် ကြုံရတာလို့ ပြောရမယ်ဆိုရင်တော့ အဲ့ဒီ့တစ်ယောက်က သူကိုယ်တိုင်ပါပဲ။ ဒီအိမ်မက်က ညစဥ်ညတိုင်း သူနဲ့ အတူတူရှိနေခဲ့တာ ဆယ်စုနှစ်တစ်ခုနီးပါးတောင်ရှိနေခဲ့ပြီ။ အခုလည်း သူဒီအိမ်မက်ထဲလူးလာခေါက်ပြန် ရောက်နေခဲ့ပြန်ပါပြီ။ သို့သော် ဒီနေ့ကတော့အနည်းငယ်ထူးခြားသည်ထင်ပါ၏

အကြားအာရုံသို့ ရိုက်ခတ်လာသည့် အနိမ့်အမြင့်သေသပ်သည့်ကြိုးတပ်တူရိယာ၏ သံစဥ်သည် ခပ်သဲ့သဲ့။ ရောက်ရှိနေသည့် နေရာက ဝေဝေဝါးဝါး။ ပတ်ဝန်းကျင်သည် မှောင်မိုက်အေးစက်နေ၏ ဦးတည်ဖို့နေရာသည် တစ်ခုသာ....။ ဆယ်စုနှစ်တစ်ခုလုံးညစဥ် ညတိုင်းကြားနေရသည့် အသံ။ ထိုသံစဥ်လှိုင်းတို့ ခေါ်ဆောင်ရာ အာရုံတို့စူးစိုက်တော့ သူ့ကို ပိုနီးကပ်လာစေဖို့စွဲဆောင်နေသလို။ လေထဲပေါ့ပါးလွင့်မျောနေသည့် ခန္ဓာကိုယ်သည် ထိုအသံလှိုင်းတို့ကို မငြင်းဆန်နိုင်ခဲ့။ ထိုတူရိယာအသံတို ့ခေါ်ဆောင်ရာလမ်းအတိုင်းလိုက်တော့ မြင်လိုက်ရသည်က ရွှေရောင်စောင်းကောက် နှင့်စောင်းကြိုးမျှင် ၊ ထိုနောက် ခပ်ရှည်ရှည်လက်သည်းတို့ဖုံးအုပ်ထားသည့် လက်ချောင်းဖြူလွလွ။ ထိုလက်ချောင်းရှည်တို့က သံစဥ်တို့ကို စေစားနေသည့် သခင်ဖြစ်ဟန်တူပါသည်။ ထိုသခင်၏ လက်တွင်တော့ အရည်လဲ့နေသည့် ခပ်ထူထူကျောက်စိမ်းလက်စွပ်က ထင်ထင်ရှားရှား။

စောင်းကြိုးခတ်သံ(Short Story)Donde viven las historias. Descúbrelo ahora