အခန်း ၂

3.4K 445 26
                                    

Unicode

စောင်းသံရှင်အားခြေရာကောက်ခြင်း

"လရောင်"

"ဗျာ....ကိုမြတ်သူ"

"အေးတယ်လေ လရောင်။ ဒါလေးဝတ်ထား"

"ကျေးဇူးဗျ"

တစ်ခြမ်းပဲ့ကျနေသည့် လခြမ်းကွေးနှင့် ဟိုတစ်ပွင့်ဒီတစ်ပွင့် ကြယ်တာယာတို့ကို အကြောင်းမဲ့ ငေးကြည့်နေမိသည်က လရောင်နားရောက်လာသည့် ကိုမြတ်သူကိုပင်သတိမထားမိသည်အထိ။ အေးစိမ့်စိမ့်ရာသီဥတုကြောင့် ကိုမြတ်သူက အနွေးဝတ် မီးခိုးရောင်လေးကို လာလွှမ်းခြုံပေး၏ ညသည် သိပ်တော့မနက်ပေမယ့် နယ်မြို့တို့၏ ထုံးစံအတိုင်း ဒီအချိန်ဆိုတိတ်ဆိတ်နေကြပြီဖြစ်သည်။ ဘုန်းကြီးကျောင်းဝန်းအတွင်းတွင်တော့ ခပ်ဝေးဝေးမှ မီးစက်သံသဲ့သဲ့ကိုသာ ကြားနေရပြီး မီးရောင်တို့သည့် သိပ်တော့အားမကောင်းတော့။

"ကိုမြတ်သူ"

"ပြောလေ လရောင်"

"ဒီရွာမှာ ရွေနန်းကြာ ဘုရားဆိုတာရှိလား"

"ရွှေနန်းကြာဘုရား"

"ဟုတ်ကဲ့"

"အစ်ကိုတော့ ဒီနာမည်ကို သိပ်မရင်းနှီးဘူး လရောင်။"

"ဒီရွာမှာရှိနေတာ ကိုမြတ်သူ။ ကျိန်းသေဒီရွာမှာပဲ"

"ဒါဆို လရောင်ပြောတဲ့ဘုရားက မထင်မရှား လူတစ်ယောက်တည်ခဲ့တဲ့ဘုရားဖြစ်ပုံပဲ"

"ဘယ်လိုကိုပြောတာလဲ အစ်ကို"

"ရှေးဟောင်းနယ်မြေဆိုတော့ ရှေးဟောင်းဘုရားတွေကတော့များတယ် လရောင်။ ရှင်ဘုရင်တွေ မိဘုရားတွေ တည်ခဲ့တဲ့ဘုရားတွေက နာမည်ကြီးပြီး သာမန်မင်းမျိုးမင်းနွယ်တွေနဲ့ သူဌေးသူကြွယ်တွေတည်ခဲ့တဲ့ဘုရားတွေက မထင်မရှားဖြစ်နေတတ်တယ် ။ တချို့ဘုရားတွေဆို ကမ္မည်းတွေရေးထိုးခဲ့တာကြောင့် ပြန်လည်တူးဖော်တဲ့အခါ နာမည်နဲ့မှတ်တမ်းတင်နိုင်ကြပေမယ့် ကမ္မည်းမရေးထိုးကြတဲ့ ဘုရားတွေကတော့ အမည်နာမပေးလို့မရဘဲ ဒီတိုင်းပဲထားကြရတယ်လရောင်။ အစ်ကို သိသလောက်ဆိုရင်တော့ လရောင်ပြောတဲ့ ဘုရားနာမည်က နာမည်ကြီး ဘုရားဖြစ်ပုံမပေါ်ဘူး"

စောင်းကြိုးခတ်သံ(Short Story)Nơi câu chuyện tồn tại. Hãy khám phá bây giờ