Oh! Weddings

981 122 14
                                    

ကျွန်တော်နဲ့yeollieနဲ့ ရည်းစားသက်တမ်း တစ်နှစ်လုံး ကျွန်တော် suhoနဲ့ရော Taoနဲ့ပါ အဆက်အသွယ်မပြတ်ခဲ့ပါဘူး Taoကတော့ seoulမှာကျွန်တော်ရှိမှန်းသိပေမဲ့ suhoလေးကတော့မသိဘူးလေ ဒါကြောင့်လဲခုထိသုံးယောက်လုံးနဲ့ အဆင်ပြေပြေဖြစ်နေတာပေါ့

ဒါပေမဲ့တစ်နေ့ကျတော့ ကျွန်တော့ဆီကို suhoဖုန်းဆက်လာတယ် Krisနင်ပြန်ရောက်နေပြီလားတဲ့ ကျွန်တော်လဲ နောက်အပတ်ပြန်ရောက်မယ်ဘာဖြစ်လို့လဲ လို့မေးတော့ သူက အရေးကြီးတယ် ရောက်ရောက်ချင်းအိမ်လာခဲ့ပါတဲ့ အဲ့တော့ကျွန်တော်လဲနောက်အပတ်လောက်နေတော့ သူ့အိမ်ကိုသွားလိုက်တယ် ကျွန်တော်ရောက်ရောက်ချင်းသူအပြေးလေးထွက်ကြိုပြီးကျွန်တော့ကိုဖတ်ပြီးရင်ခွင်ထဲဝင်ပြီးငိုပါလေရောဗျာ

ပါးစပ်ကလဲ နင်ဘာလို့ခုမှပြန်လာတာလဲ ငါအဲ့လောက်သတိရပြီးငိုနေမယ်ဆိုတာမသိဘူးလားနေ့နေ့ညညငါငိုနေတာမသိဘူးလားတဲ့ ကျွန်တော်လဲ သူ့ကိုအကြာကြီးပစ်ထားမိတာအရမ်းအားနာသွားမိတယ် ပြီးတော့သူ့ကိုချောပြီး အရေးကြီးကိစ္စကဘာလဲလို့မေးတော့သူက အမေတို့အဖေတို့ကမေးနေတာကြာပြီ တဲ့ နင့်ရည်းစားပစ်သွားပြီလားတဲ့ ပစ်သွားရင်လဲနောက်တစ်ယောက်ရှာပြီးလက်ထပ်တော့တဲ့ အသက်လဲမငယ်တော့ဘူးလက်ထပ်သင့်ပြီတဲ့ ဒါပေမဲ့ငါ့မှာနင်ရှိတယ်လေတဲ့နင်ရှိရက်သားနဲ့ငါဘယ်သူနဲ့လက်ထပ်ရမှာလဲ Kris လက်ထပ်ကြရအောင်နော်တဲ့ ကျွန်နော်သူပြောလိုက်ချင်း ကျွန်တော့မျက်စိထဲပြေးမြင်မိတာက Taoနဲ့ yeol ကျွန်တော်ဘယ်လိုလုပ်ရမှာလဲ suhoကိုလဲသနားတယ် Taoနဲ့ yeolကိုလဲမခွဲနိုင်ဘူး ဒါပေမဲ့ကျွန်တော် လက်ထပ်ကြတာပေါ့လို့ပဲပြောခဲ့လိုက်တယ် Dateတော့ ငါသက်မှတ်မယ်လို့ပဲပြောခဲ့တယ် ကျွန်တော့ရဲ့လွန်ဆွဲနေတဲ့စိတ်နဲ့ ဘာလို့လက်ထပ်မယ်ပြောလည်းဆိုတော့ ကျွန်တော်မပြောမချင်း ပြိုတော့မဲ့မိုးလို မျက်ရည်တွေဝေ့နေတဲ့မျက်လုံးတွေနဲ့ကြည့်နေတဲ့သူမကို သနားလာတယ် ကျွန်တော်ဖြေလဲပြီးရော ချက်ချင်းပြုံးလာတဲ့မျက်နှာလေးကတကယ်ကိုဖြူစင်လွန်းပါတယ် သူ့ဘဝတစ်လျှောက်လုံးကျွန်တော့တစ်ယောက်တည်းကိုပဲသစ္စာရှိစွာနဲ့ချစ်လာတဲ့ အဘက်ဘက်ကပြည့်စုံတဲ့မိနိးကလေးကို ကျွန်တော်ဘယ်ငြင်းရက်မှာလဲ ဒါနဲ့ကျွန်တော်သူ့မိဘတွေနဲ့ညစာစား တိုင်ပင်စရာရှိတာတိုင်ပင်ပြီးအဲ့နေ့အိမ်ပြန်ခဲ့လိုက်တယ်

You've reached the end of published parts.

⏰ Last updated: May 13, 2015 ⏰

Add this story to your Library to get notified about new parts!

Those Girls are my girlsWhere stories live. Discover now