Kim Suho

1.2K 113 0
                                    

ကျွန်တော့ရဲ့ First Love ပေါ့ဗျာ ပထမဆုံးထားဖူးတဲ့ရည်းစားပေါ့

နာမည်ကတော့ Kim Suho တဲ့

အသက်ကတော့ကျွန်တော်နဲ့တူတူပဲ ၂၈နှစ်ပေါ့

သူနဲ့ကျွန်တော်နဲ့ကHigh School မှာစတွေတာလေ ကျွန်တော့မိဘတွေကတရုတ်ပြည်ကနေ ကိုရီးယားကို အလုပ်ကိစ္စနဲ့ ပြောင်းလာတော့ကျွန်တော်လဲ လိုက်ပြောင်းရတယ် koreaကအထက်တန်းကျောင်းတစ်ခုမှာ ပြောင်းတက်ရတယ် အဲ့မှာသူနဲ့စတွေ့တာပဲ သူကကျောင်းမှာ Queen လေ ချောတာကတော့တော်တော့ကိုချောပါတယ် အသားကလဲဖြူတယ်ဆိုတဲ့လူတွေထက်တောင်မှပိုတယ် သိမ်သိမ်မွေ့မွေ့နဲ့ အေးအေးဆေးဆေးလေးပါ ကျွန်တော်စတက်တဲ့နေ့မှာသူ့ဘေးနားထိုင်ရတယ် သူကကျွန်တော့ကိုတော်တော်လေးကူညီပေးပါတယ်

ကျွန်တော့ချစ်သူက အမေနဲ့တူတဲ့ချစ်သူမျိုးပေါ့

သူနဲ့ကျွန်တော်နဲ့ရည်းစားစဖြစ်တာကလဲ ကျွန်တော်ကသူ့ကိုစာကြည့်တိုက်မှာ စာအုပ်တွေကို I love U လို့ဆက်ပြီး သူ့ချစ်ခွင့်ပန်ခဲ့တာလေ သူကလဲ ချစ်ပါတယ်လို့ပြောတာ မျက်နှာတစ်ခုလုံးနီရဲနေတာပဲ အရမ်းလဲရှက်တက်တယ်လေ သူကကျွန်တော့ကိုအမေတစ်ယောက်လိုပဲ ဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့ ဒါမစားနဲ့ ဟိုဟာမစားနဲ့ ဆိုပြီး လိုက်လိုက်ပြောတက်တယ် အရမ်းလဲဂရုစိုက်တယ် ကျောင်းလာတိုင်း မနက်စာကိုသူကသူကိုယ်တိုင်လုပ်ပြီး ယူလာနကြလေ သူကကျွန်တော့ကို Kris လို့ပဲခေါ်တယ် ကိုတို့မောင်တို့ မခေါ်ရဲလို့တဲ့ သူကျွန်တော့ကိုလိုက်ချုပ်ချယ်ပေမဲ့လည်း ကျွန်တော်ကတော့စိတ်မဆိုးပါဘူး သူကျွန်တော့ကိုချစ်လို့ချုပ်ချယ်တာမှန်းသိတယ်လေ သူတစ်ခါချုပ်ချယ်လေ ကျွန်တော်တစ်ခါ ပိုတိုးချစ်လေပါပဲ သူနဲ့ကျွန်တော်နဲ့ရည်းစားသက်တမ်းတစ်လျှောက်တစ်ခါမှရန်လဲမဖြစ်ဘူးဖူး စိတ်ဆိုးစိတ်ကောက်လဲမရှိခဲ့ဘူး ကျွန်တော့ကိုအမြဲအရိပ်တကြည့်ကြည့်နဲ့လိုလေသေးမရှိလိုက်လုပ်ပေးနေတဲ့ ကျွန်တော့ချစ်သူလေးကိုကျွန်တော်အရမ်းချစ်တာပေါ့ဗျာ ဒါပေမဲ့ ကျွန်တော်အထက်တန်းအောင်သွားတော့ တက္ကသိုလ်ထိသူနဲ့တူတူတက်တယ် တစ်ယောက်နဲ့တစ်ယောက်ဖောက်ပြန်ချင်းမရှိဘဲနဲ့ပေါ့ တက္ကသိုလ်ပြီးတော့ ကျွန်တော်အလုပ်ရတယ် အင်ဂျင်နီယာနဲ့ကျောင်းပြီးတော့ အင်ဂျင်နီယာပေါ့ ဒါပေမဲ့ ကျွန်တော်က တရုတ်ပြည်က ဆောက်လုပ်ရေးမှာလုပ်ရမှာတဲ့လေ ဒါနဲ့ကျွန်တော်လဲသူနဲ့ခွဲပြီးတရုတ်ပြည်ကိုလာခဲ့တယ် တရုတ်ပြည်သွားခါနီး လေဆိပ်မှာသူ မျက်ရည်တွေနဲ့ အပြေးလာပြီးပြောခဲ့သေးတယ် "Kris နင်မြန်မြန်ပြန်လာခဲ့နော် ငါစောင့်နေမယ်တဲ့ " ကျွန်တော်လဲသူ့ကိုချော့ပြီးထွက်ခဲ့တယ် အဲ့တုန်းကထင်ခဲ့တာကတော့ ကျွန်တော့နှလုံးသားလေးထပ်မခုန်တော့ဘူးပေါ့ ဒါပေမဲ့ ကျွန်တော်မှားခဲ့တယ် ကျွန်တော်ထင်ထားခဲ့တာတွေသူမနဲ့တွေ့တဲ့အချိန်မှာ မှားမှန်းသိခဲ့တယ်

Those Girls are my girlsWhere stories live. Discover now