Zi Tao

1.1K 110 0
                                    

သူမကတော့ကျွန်တော့ရဲ့ second loveပေါ့

နာမည်ကတော့ Zi Tao တဲ့ တရုတ်လူမျိုးပဲ

အသက်ကတော့ ကျွန်တော့ထက်နှစ်နှစ်ငယ်တယ် ခုဆို၂၆နှစ်ပေါ့ သူမကလည်း အင်ဂျင်နီယာပဲလေ ကျွန်တော်နဲ့ တစ်ရုံးတည်းမှာအလုပ်လုပ်တာလေ ကျွန်တော်တရုတ်ပြည်ကရုံးကိုပြောင်းပြီး တစ်နှစ်အကြာမှာ သူမရောက်လာခဲ့တာ သူမကတော်တော်ချောပါတယ် အသားကတော့ဖြူတယ်ဆိုရုံလောက်ပါပဲဒါပေမဲ့ ခေတ်ဆန်တယ် ထက်မြတ်တယ် မျက်နှာက sexy ကျတယ် strong ဖြစ်တဲ့ faceမျိုးပေါ့ အရပ်လည်းရှည်တယ် သူမကကျွန်တော့ရဲ့လက်ထောက်အနေနဲ့ လုပ်ဖို့ဝင်လာတာလေ ဒါပေမဲ့ သူမရဲ့ physical ထက်မြတ်မှု ပွင့်လင်းမှုတွေက ကျွန်တော့နှလုံးသားကိုဖမ်းစားသွားခဲ့တယ်လေ

သူမကတော့ သူငယ်ချင်းနဲ့တူတဲ့ ချစ်သူလို့ပဲပြောရမှာပေါ့

သူမကို ချစ်ခွင့်ပန်တုန်းက ကျွန်တော့မှာ ကြောက်လဲကြောက်လန့်လဲလန့် နဲ့ ချစ်ခွင့်ပန်ခဲ့ရတာ သူမကသူမကိုချစ်ခွင့်ပန်တဲ့လူတိုင်းကို ပညာပေးတက်တယ်လေ သူမကဝူရှုးကိုကောင်းကောင်းတက်တယ်

ဒါပေမဲ့ကျွန်တော် ကံကောင်းတယ်ပဲပြောရမလားကျွန်တော့ကိုအသာတကြည်ပဲ ချစ်တယ်တဲ့ သူမကကျွန်တော့အပေါ်ကို သူငယ်ချင်းတစ်ယောက်လိုပါ ပဲ ကျွန်တော်ပြောသမျှနားထောင်တယ် အကြံဥာဏ်ပေးတယ် ပွင့်ပွင့်လင်းလင်းတိုင်ပင်လို့ရတယ် သူကကျွန်တော့ကို Yifan Ge လို့ခေါ်တယ်လေ သူကကျတော့တစ်မျိုးဗျသူများတွေ ခေါ်သလိုမျိုးလိုက်မခေါ်ချင်လို့တဲ့လေ သူနဲ့ကျွန်တော်နဲ့ချစ်သူဖြစ်လာတဲ့ကလတစ်လျှောက်လုံးတစ်ခါပဲရန်ဖြစ်ဖူးတယ် ပြီးတော့လဲတစ်ယောက်မှ စချော့စရာမလိုပဲနဲ့အလိုလိုနေရင်းပြန်တည့်သွားတာပေါ့ သူကျတော့ suho လိုမျိုးကျွန်တော့ကိုအလျော့လဲမပေးဘူး အနိုင်လဲမယူဘူး နားလည်မှုနဲ့ပဲချစ်တယ်တဲ့ သူမကကျွန်တော့မှာ suho ရှိခဲ့တယ်ဆိုတာကလွဲရင်ကျွန်တော့အကြောင်းတွေအကုန်သိပါတယ် သူ့ကိုကျွန်တော်အရမ်းချစ်တယ် ငယ်ငယ်တည်းကသူငယ်ချင်းရှားခဲ့တဲ့ကျွန်တော့အဖို့ခုလို သူငယ်ချင်းလိုမျိုးရောချစ်သူလိုမျိုးပါပွင့်လင်းပြီးတိုင်ပင်းဖော်ရတဲ့ ချစ်သူမျိုးရှိတာကျွန်တော်အရမ်းပျော်တယ် suho ကိုကျတော့မချစ်တော့ဘူးလားဆိုတော့မဟုတ်ပါဘူး သူ့လဲကျွန်တော်ချစ်ရတာပဲ နှစ်ယောက်လုံး ကကျွန်တော့အပေါ်တစ်မျိုးစီကောင်းတော့ ကျွန်တော်နှစ်ယောက်လုံးကိုအရမ်းချစ်တာပေါ့ ဒါပေမဲ့ ကျွန်တော် ရောသူမပါ ရာထူးတိုးခဲ့တယ် သူမကတော့ကျွန်တော်လက်ရှိလုပ်နေတဲ့ ရာထူးကိုတိုးခဲ့ပြီး ကျွန်တော်ကတော့ Seoul မှာရှိတဲ့ ရုံးချုပ်ကိုရာထူးတိုးခဲ့တယ်  ကျွန်တော်လဲ seuol မြို့ကိုပြောင်းဖို့ လေဆိပ်ရောက်တော့ တစ်ခါမှမငိုဖူးတဲ့ Tao ငိုပြီးတော့ ကျွန်တော့ကိုပြောခဲ့တယ် " Yifan Ge Tao ကိုမမေ့နဲ့နော် " ကျွန်တော်လဲ သူငိုတော့ မနည်းပြန်ချော့ပြီး Seoul ကိုလာခဲ့တယ် ကျွန်တော် ထပ်တွေးမိတယ် ကျွန်တော့နှလုံးသားလေး တတိယတစ်ကြိမ်ထပ်မခုန်လောက်တော့ဘူးလို့ပေါ့ ကျွန်တော့မှာသိပ်ချစ်ရတဲ့ ချစ်သူနှစ်ယောက်တောင်ရှိနေပြီလေ ဒါပေမဲ့ ကျွနတော့ ထင်မြင်မှုတွေမှားခဲ့တယ်ဆိုတာ ဒီကလေးလေးနဲ့တွေ့မှပဲမှားမှန်းသိခဲ့တော့တယ်

Those Girls are my girlsWhere stories live. Discover now