Park Chanyeol

1.6K 154 7
                                    

အဲ့ ကလေးက ကျွန်တော့ရဲ့ last loveပေါ့ နာမည်က Park Chanyeol တဲ့

ကလေးလို့ဘာလို့ခေါ်လဲဆိုတော့ သူကကျွန်တော့ထက်ငါးနှစ်တောင်ငယ်တယ်လေ

ခုသူမအသက်က၂၃နှစ်ပေါ့

သူမကကျွန်တော့ထက်အသက်ငယ်လို့လားတော့မသိဘူး အမြဲသွက်လက်ပြီး အမြဲပြုံးနေတာပဲ သူမနဲ့စသိထဲကခုထိသူမမျက်နှာတစ်ချက် ညှိုးတာမတွေ့ဖူးသေးဘူး သူမနဲ့ကျွန်တော်စတွေ့တာက အဲ့နေ့ကကျွန်တော်ကကျွန်တော့ရုံးမှာ အလုပ်လုပ်ပြီးလို့ နေ့လည်စာစားဖို့ထွက်လာခဲ့တယ် ဒါပေမဲ့ ကျွန်တော့အလုပ်ပတ်ဝန်းကျင်းမှာဆိုင်အသစ်ဖွင့်တာနဲကျွန်တော်လဲဆိုင်ရဲ့အပြင်အဆင်ကအရမ်းကို ချစ်ဖို့ကောင်းနေတော့ကျွန်တော်လဲ ဝင်ချင်စိတ်ဖြစ်လာတာနဲ့ဝင်သွားလိုက်တယ် အဲ့မှာသူမနဲ့ စတွေ့တာပါပဲ ကလေးဆန်တဲ့အမူအရာလေးတွေနဲ့ ဆိုင်လာတဲ့ ဧည့်သည်တွေကိုပြုံးရယ်ပြီး ဧည့်ခံနေတဲ့သူမပုံစံလေးကအရမ်းချစ်ဖို့ကောင်းလို့ကျွနတော်ခဏလောက်ငေးကြည့်မိတယ် သူမရဲ့ဆိုင်နာမည်ကိုက Yeollie's Happy Virus Cafe တဲ့ ဆိုင်နာမည်ကိုကချစ်ဖို့ကောင်းတယ်လေ အဲ့နေ့ကစပြီး ကျွန်တော်လဲသူမရဲ့ဆိုင်လေးကိုပဲနေ့တိုင်းသွားတယ် သူမကျွန်တော့ကိုတစ်ဖြည်းဖြည်းနဲ့သတိထားလာမိတယ်  နောက်တော့မေးထူးခေါ်ပြောအဆင့်ထိရောက်လာတယ် သူမကကျွန်တော့ ကို oppaလို့ခေါ်တယ် သူ့ကိုသူ yeollieတဲ့ အချိန်တွေကြာလာတာနဲ့အမျှ ကျွန်တော်သူ့ကိုချစ်လာတယ် ဒါနဲ့ကျွန်တော်လဲ တစ်နေ့ကျတော့ သူ့ဆိုင်ကိုသူများနာမည်နဲ့ငှားပြီးတစ်ဆိုင်လုံးကို တစ်ယောက်မှ မရှိအောင် သူမနဲ့ ကျွန်တော်နဲ့နှစ်ယောက်ပဲ ရှိအောင်လုပ်ပြီး ကျွန်တော်သူ့ကို ချစ်ခွင့်ပန်ခဲ့တယ် သူမကကျွန်တော့ကို ချစ်တယ်တဲ့ ကျွန်တော့ ချစ်သူလေးက ကလေးနဲ့တူတဲ့ ချစ်သူမျိုးဗျသူက

ကျွန်တော်တို့ရည်းစားသက်တမ်း တစ်လျှောက်သူက အမြဲ ကျွန်တော့ကိုပျော်အောင်လုပ်ပေးတယ် ကျွန်တော့လိုအရယ်အပြုံး နဲတဲ့လူအဖို့ ဟက်ဟက်ပတ်ပတ်ရယ်ဖို့ဆိုတာတော်တော်ရှားပါတယ် သူမနဲ့မတွေ့ခင်အချိန်ထိပေါ့ သူမကကျွန်တော့ကိုနေ့တိုင်းတစ်နေ့တစ်မျိုးမရိုးအောင်ရယ်နေရအောင်လုပ်ပေးနေတယ်လေ ကျွန်တော့ဘဝရဲ့အရယ်အပြုံးတွေကသူမနဲ့တွေ့မှအသက်ဝင်လာတာပါဗျာ သူမပြောနေကြစကားလေးရှိတယ် Oppa ရယ်ရင် yeollie လဲရယ် မယ် Oppa ငိုရင် Yeollieရယ်အောင်လုပ်ပေးမယ်တဲ့လေ သူမကကျွန်တော့ထက်ငယ်တော့ နည်းနည်းလေနွဲ့ဆိုးဆိုးတာတော့ရှိတာပေါ့ သူမစိတ်ကောက်သွားတိုင်းကျွန်တော်ပဲပြန်ချော့ရတယ် သူမကိုပြန်ချော့တိုင်းမကြာပါဘူးတခ်ခ်နဲ့ရယ်ပြီး ဘာပြောလဲဆိုတော့ Yeollieတကယ်စိတ်မဆိုးပါဘူး Oppa ချော့တာခံချင်လို့တဲ့လေ ဒီကလေးကိုလဲကျွန်တော်သိပ်ချစ်ပါတယ်

Suho လိုကျွန်တော့အပေါ်လိုလေသေးမရှိဂရုစိုက်မှု့

TAO လိုကျွန်တော်ပြောသမျှနားထောင်ပြီး ပွင့်ပွင့်လင်းလင်းအကြံအဥာဏ်ပေးနိုင်မှုတွေမရှိပေမဲ့

ဒီကလေးကကျွန်တော့ကိုသူများနဲ့မတူတဲ့ပျော်ရွှင်မှုတွေပေးတယ်လေ တကယ်ပါ ကျွန်တော်သူတို့သုံးယောက်လုံးကိုသိပ်ချစ်ပါတယ် ဒါကြောင့်လဲခုလိုတစ်ယောက်ကိုမှလမ်းခွဲစကားမပြောနိုင်ပဲ လက်ထပ်ဖို့ထိဖြစ်လာတာပေါ့

Those Girls are my girlsWhere stories live. Discover now