အခန်း ၃ _ အမေရေ ကျွန်တော် ချစ်မိသွားပြီ
---------------------------------------------Xiao Shenwei တစ်ယောက် ဘယ်လိုဖြစ်ပြီး ဒီလိုအခြေအနေထိ ရောက်လာတာလဲဆိုတာ မသိချေ။
ဒါ့အပြင် အခု သူ့ရဲ့ အစာလေးက သူ့နောက်ကျောမှာ လဲလျောင်းနေပြီး ဆွဲဆောင်မှုရှိသော pheromone ရနံ့များက သူ့ တစ်ကိုယ်လုံးနီးပါး လွှမ်းခြုံနေသည်။
တကယ်လို့ pheromone တွေရဲ့ ပျံ့နှံ့မှုကို ဖိနှိပ်မထားဘူး ဆိုရင် ဒီရနံ့တွေက သူ့အနားမှာရှိတဲ့ ဇွန်ဘီတွေအကုန်လုံးကို ထိန်းမနိုင်သိမ်းမနိုင် စိတ်လွှတ်သွားအောင် နှိုးဆွပေးလိမ့်မယ်။ Xiao Shenwei ကိုယ်တိုင်တောင် သူ့လည်ပင်းနောက်ဘက်ရှိ gland က ပူလောင်မှု အနည်းငယ်ကို ခံစားနေရသည်။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူသယ်ယူလာတဲ့ လူရဲ့ pheromone ရနံ့များက မြို့ပျက်ကြီးကို လျှင်မြန်စွာပဲ ဖြတ်သန်းသွားပြီး Alpha ရဲ့ နွေးထွေးတဲ့ အသက်ရှူသံက သူ့လည်ကုပ်ပေါ် ထိခတ်လာကာ ဒီအရာကဘဲ သူ့ရဲ့ ရေခဲလို အေးစက်နေတဲ့ ခန္ဓာကိုယ်အတွက် အပူငွေ့ကို ခံစားရတဲ့ တစ်ခုတည်းသော နေရာဖြစ်လာသည်။
"မင်း pheromone နံ့က.......အရမ်းကောင်းတာပဲ"
အစာလေးက သူ့ရဲ့ နားနား ကပ်ပြောလာပြီး နွေးထွေးတဲ့ အသက်ရှူသံက Xiao Shenwei ရဲ့ အထိမခံနိုင်တဲ့ နားကို ရိုက်ခတ်သွားသည်။
Xiao Shenwei မသက်မသာနဲ့ပဲ လည်ပင်းကို ကျုံ့လိုက်သည်။
တစ်ခုခုက မှားနေတယ်လို့ အမြဲခံစားနေရတယ် ။အရသာရှိတဲ့ ငါ့ရဲ့ ကိုယ်ပိုင်အစားအစာလေးက ငါ့ကို ချီးကျူးနေတယ် ။ ငါ ဘယ်လို ပြန်ဖြေသင့်လဲ?
ဇွန်ဘီလေးဟာ တိတ်တိတ်နေဖို့ပဲ ရွေးချယ်လိုက်တော့တယ် ။
အဲ့ဒီနောက် အစာလေးရဲ့ သဘောတကျ ရယ်သံက ထွက်လာသည်။
Xiao Shenwei ရဲ့ ဂေဟာလေးကို သူတို့ ပြန်ရောက်ရှိချိန်တွင် Rong Yun မှာ သတိလစ်မေ့မျောသည်အထိ အဖျားကြီးနေပြီ ဖြစ်သည်။
သူ့အစာလေးက နေမကောင်းဖြစ်ပြီး သူ့ဦးနှောက်ကလဲ ချောင်သွားလို့ စောစောက စကားက ဒီအတိုင်း လျှောက်ပြောတာလားလို့တောင် Xiao Shenwei သံသယဖြစ်မိသည်။
YOU ARE READING
zombie ဖြစ်လာပြီးနောက်မှာ ငါ့မျက်နှာ အကြောသေသွားတယ်
RomantiekJust a fun translation. I do not own this story. fully credit to original author & english translator.