(Uni Code)
*ခွမ်း*
"ငါ-ိုးမသားတွေမင်းတို့ေ-ာက်ချိုးတွေပြင်ထား"
KSK Barအတွင်း၌1885ခုနှစ်ထုတ်ဝိုင်ပုလင်းကွဲကြီးအားကိုင်ထား သောကောင်လေးသည်ကြမ်းပြင်၌လူးလိမ့်ကာခေါင်းပေါ်မှသွေးတစ်တောက်တောက်ကျနေသောလူအားကြည့်ကာဆိုလိုက်ခြင်းဖြစ်သည်။ထိုလူအားသေချာစိုက်ကြည့်ကာသွေးစအချို့ကပ်နေသောဝိုင်ပုလင်းကွဲအား လှဲကျနေသူ၏မျက်နှာရှေ့သို့ပို့လိုက်သည်။
"ငါ့လိုလူကိုမင်းလိုစာကလေးဂိုဏ်းကကောင်ကနိုင်မယ်ထင်နေလားဟက်..."
"-ီးကိုစာကလေးဂိုဏ်းလားဇာမနီကွဇာမနီ"
လဲကျနေသောကောင်လေးမှမခံမရပ်နိုင်စွာထပြောလေတော့ဝိုင်နောက်တစ်ပုလင်းအားယူကာ ထိုကောင်းလေး၏ခေါင်းအားထပ်မံရိုက်ခွဲလိုက်သည်။
*ခွမ်း*
"မင်းေ-ာပေါက်ပိတ်ထားလို့ငါပြောနေတယ်နော်"
"...."
လဲကျနေသောကောင်လေးမှာဘာသံမှထပ်မထွက်ရဲတော့ပဲသွေးများကြားထဲငြိမ်ကုပ်နေသည်။ရင်ဘတ်ပေါ်မှတက်နင်းထားသောခြေထောက်ကိုလည်းတောင့်ခံနေရသေးသည်။
"ဒီမှာစာကလေးပေါက်စမင်းတို့ရဲ့ဆရာငှက်ဆိုးကြီးကိုပြောလိုက်မြတ်မင်းသိက္ခာဆိုတဲ့ငါ့ကိုလာထိချင်ရင်ငါ့အဆင့်အတန်းကိုမှီလာအောင်အရင်ကြိုးစားလိုက်ဦးလို့…ဟမ့်!"
ထို့သို့ပြောပြီးခြေထောက်ဖြင့်တက်ဖိထားသောကောင်လေးအားတစ်ချက်ဆောင့်ကန်ကာTreasurer Cigarettes အားဖွာရှိုက်ရင်းKSK Barအတွင်းမှ Koenigsegg CCXR Trevitaငွေမှင်ရောင်ကားပေါ်သို့တက်ကာမောင်းထွက်သွားလေတော့သည်။
•••••••••••
"လင်္ကာရေသားလေးဒီဘက်ကိုရေတစ်စည်လာဖြည့်ပေးဦး"
"ဟုတ်ကဲ့ဒေါ်လေးကြည်ကျွန်တော်အခုဖြည့်ပေးမယ်ဗျ"
ပြောရင်းနှင့်ပင်ထိုကောင်လေးသည်ရေစည်လှည်းအားတွန်းကာရွာထိပ်မှစမ်းချောင်းလေး၌ရေတစ်စည်သွားသယ်သည်။ရွာလမ်းတစ်လျောက်လဲသီချင်းကလေးညည်းရင်းလှည်းအားတွန်းလာသည်။စွပ်ကျယ်ချိုင်းပြတ်အပြဲကလေးနှင့်ဆွေးမြေ့နေသောကြောင့်ချုပ်ရာပရပွနှင့် ပုလဲပေါက်လုံချည်အနွမ်းကလေးအားဝတ်ထားသော်လဲသူ၏ချောမောမှုများကမှေးမှိန်မသွားပေ။ထောင့်သိပ်မဆန်သောမျက်နှာချောချော
ပေါ်ဝယ်ကုလားမင်းသားများကဲ့သို့နှာတံဖြောင့်စင်းစင်းနှင့်နှုတ်ခမ်းသားထူထူရဲရဲကလေးများကချောမောမှုအားပံ့ပိုးနေသယောင် ခပ်ထူထူဆံသားနက်နက်များသည်ဖြောင့်စင်းနေကာဂုတ်ထိပင်ထောက်အောင်ရှည်နေပီဖြစ်သောကြောင့်တစ်ဝက်ကိုစုစည်းထားပီးကျန်တစ်ဝက်အားဒီတိုင်းချထားလေသည်။မျက်ခုံးထင်းထင်းများနှင့်မျက်ဝန်းဝိုင်းဝိုင်းကြီးတွေကပကတိဖြူစင်နေကာမျက်တောင်ရှည်များကယပ်တောင်ကြီးများသဖွယ်ကော့ညွှတ်နေပုံကမြင်ရသူအဖို့အကြည့်မလွဲချင်စရာကောင်းအောင်ကိုချောမောလွန်းသည်။

YOU ARE READING
အတ္တများ၏အလွန် (Completed)
Romanceသူ၊ ကျွန်တော့် ချစ်ရသူ၊ အဲ့ဒီလူနဲ့အတူရှိချင်တယ် Start Date-12.12.2022 End Date-26.5.2023