မိတ္ဆက္

9.8K 469 23
                                    


[Unicode]Description

ကမ္ဘာပျက်ကပ်တွင်ပိုင်ကျင်း သည်  အသုံးမဝင်ဆုံးသောစွမ်းရည်ဖြစ်တဲ့ အာရုံခံနိုင်စွမ်း အစွမ်းကိုရရှိခဲ့သည်။

ထိုစွမ်းရည်က သူ့ထံမှ မီတာ 20 အတွင်း လှုပ်ရှားနေသော အရာဝတ္ထု များ (ဖုတ်ကောင်များအပါအဝင်) ကို အာရုံခံနိုင်စွမ်းရှိသည်။

သို့သော် မစ်ရှင်တစ်ခုအတွင်းမှာပိုင်ကျင်းသည် သူ့အဖွဲ့ဝင်တွေဆီက သစ္စာဖောက်ခံလိုက်ရသည်။

သူပြန်နိုးထလာတဲ့အခါမှာတော့ပိုင်ကျင်းသည်အနာဂတ် မက်ချာခေတ်ကိုကူးပြောင်းသွားခဲ့ပြီး
စွမ်းအင်အားလုံးကို သလင်းကျောက်မှ ထောက်ပံ့ပေးသည့် ဤခေတ်တွင်ပိုင်ကျင်းသည် လောင်းကစားများနှင့် မတော်တဆ ထိတွေ့ မိကာ သူ၏ယခင်ဘဝတွင်
အသုံးမဝင်ဆုံးသောဖြစ်ခဲ့သော စွမ်းအားများသည် လောင်းကစားဝိုင်းများတွင် အလွန်အသုံးဝင်လာခဲ့သည်။

ပိုင်ကျင်း သည် လောင်းကစားသမားအလုပ်သင်အဖြစ်မှ လောင်းကစားသမားဆရာအဖြစ်သို့ ရောက်သွားခဲ့ပြီး နောက်ဆုံးတွင် လောင်းကစားလောက၏ အမြင့်ဆုံးအထွတ်အထိပ်ထိ ရောက်ရှိသွားခဲ့သည်။

ကုယွမ်ကျိုး သည် သမိုင်းတွင် အသက်အငယ်ဆုံး စစ်ဗိုလ်ချုပ်ကြီးဖြစ်ပြီး ပထမဦးဆုံး ကြယ်အချင်းချင်းကြားမှ အမွေဆက်ခံသူဖြစ်ပြီး  အချောဆုံးအခန့်ညားဆုံး အမျိုးသားဖြစ်ကာအင်ပါယာအတွင်းရှိ လူငယ်လူရွယ် အမျိုးသမီးအားလုံး၏ အိပ်မက်မင်းသားလေးဖြစ်သည်။

သို့သော် တစ်နေ့တွင် ကုယွမ်ကျိုး သည် သူ့ မှာလက်တွဲဖော်ရှိကြောင်းကို အမှန်တကယ် လူသိရှင်ကြား ဝန်ခံပြီး ထိုသူသည် သူတို့ တစ်ခါမှ မကြားဖူးသော လောင်းကစားပညာရှင် တစ်ဦးဖြစ်နေသည်။

ကုယွမ်ကျိုး ၏ ပရိသတ်များက ဒေါသတကြီး ထွက်ခဲ့ကြသည်- " လောင်းကစားသမားတွေက အများကြီးရှိတယ်၊ ဒီ ပိုင်ကျင်းဆိုတာ က ဘယ်သူလဲ။ သူက ဆင်းရဲသားရပ်ကွက်ကဖြစ်ပြီး ရုပ်ဆိုးနေတာပဲဖြစ်မယ်!”

မမျှော်လင့်ဘဲ နောက်တစ်နေ့တွင် ပိုင်ကျင်းကို ကာကွယ်ရန် ခေါင်းဆောင်များ ထွက်လာခဲ့ကြသည်။ လောင်းကစားဂိုဏ်း၏ဥက္ကဋ္ဌက ကောလဟာလကို ချေဖျက်ခဲ့ပြီး
"ဒါက ငါတို့ဂိုဏ်းမှာ နတ်ဘုရားအဆင့်ရှိတဲ့ လောင်းကစားသမားပဲ!"

ကူးပြောင်းပြီးနောက်နတ်ဘုရားအဆင့်ကျောက်လောင်းကစားသမားဖြစ်လာခြင်း(MMTranslation)Where stories live. Discover now