Part 21

1.1K 157 34
                                    

[Zawgyi]


ပိုင်ကျင်း ရေချိုးခန်းမှထွက်လာသောအခါ
ကုယွမ်ချောင် သည် အသက်ရှုကြပ်သွားပြီး ပထမဆုံးအကြိမ်တွင် သူ၏အမြင်အာရုံစူးစိုက်မှုအပေါ်
သံသယရှိခဲ့သည်။ တစ်ဖက်လူက သူပြင်ဆင်ပေးထားတဲ့ အဖြူရောင် ဆွယ်တာအင်္ကျီကို ဝတ်ဆင်ထားပြီး နူးညံ့ပြီး တောက်ပနေကာ လူငယ်လေးရဲ့ တက်ကြွလန်းဆန်း ကြော့ရှင်းတဲ့ စိတ်နေစိတ်ထားကို အပြည့်အ၀ ပေါ်လွင်စေကာ ရောင်ခြည်များ ဖြာထွက်နေပါတယ်။ ဆွယ်တာအင်္ကျီ၏လည်ပင်းလိုင်းသည် အနည်းငယ်လျော့ရဲနေပြီး
နူးညံ့သိမ်မွေ့သောညှပ်ရိုးလေးနှင့် ကြွေဖြူရောင်အသားရည်လေး
တစ်စိတ်တစ်ပိုင်းကို ပေါ်လွင်စေပြီး အလင်းရောင်အောက်တွင် အထူးဆွဲဆောင်မှုရှိနေကာ ပန်းရောင်ဖျော့ဖျော့လေးဖြစ်နေ၏။
လူငယ်လေး၏ နူးညံ့ပျော့ပျောင်းသော ဆံနွယ်များပေါ်တွင် ရေစက်များ စိုစွတ်နေသေးသည်။ သူ ညင်ညင်သာသာ လှုပ်ယမ်းလိုက်သည့်အခိုက်တွင် ရေစက်အနည်းငယ်သည် သူ၏လည်ပင်းအောက်သို့ လှိမ့်ဆင်းသွားပြီး လည်ပင်းလိုင်း၏ နက်နဲရာသို့ စီးဝင်သွားရာ သူ(ကုယွမ်ချောင်)၏ပါးစပ်ကို ခြောက်သွေ့သွားစေသည်။ ထိုမှိုင်းညို့နေသော မျက်လုံးများကို ကြည့်လိုက်သောအခါတွင်တော့ ပြောစရာမရှိတော့ပေ။ ဒီလို
ကြည်လင်ပျော့ပျောင်းပြီး အပြစ်ကင်းစင်တဲ့ အသွင်အပြင်မျိုး၊ လူတွေကို သူ့အား ခန္ဓာကိုယ်အောက်မှာ တင်းတင်းကျပ်ကျပ်
ဖိနမ်းပြီး နူးညံ့တဲ့ အသားအရေပေါ်မှာ အမှတ်အသားတွေ ချန်ရစ်ထားချင်ကြတယ်။

"ဂျွန် ငါလုပ်စရာရှိသေးတယ် မင်း ပိုင်ကျင်းကို
ပြန်ပို့ပေးလိုက်"
ကုယွမ်ချောင် သည် သူ၏အာဒမ်ပန်းသီးကို အလိုအလျောက်လှိမ့်လိုက်ပြီး အဝေးကို လှမ်းကြည့်လိုက်ကာ သူ၏အသံသည် ပုံမှန်ထက် များစွာအက်ရှနေသည်။

"ဟုတ်ကဲ့!"
ချောင်အန်း အမိန့်တိုင်းလိုက်နာပြီး ကု၏ကျောက်လောင်းကစားဆိုင်မှ ကောင်လေးနဲ့အတူ ထွက်လာခဲ့တယ်။ မထွက်သွားခင်မှာ ပိုင်ကျင်းသည် ကုယွမ်ချောင်ကို သံသယအပြည့်နဲ့ ကြည့်လိုက်တယ်။ ထိုသူ၏ခန္ဓာကိုယ်ရှိ တက်ကြွသောတုံ့ပြန်မှုသည် အလွန်အားကောင်းနေပြီး၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကန့်သတ်ချက်သို့ နီးကပ်လာကာ ယခုအခါ ၎င်းသည် မကြုံစဖူးအထွတ်အထိပ်သို့ရောက်ရှိနေပြီး
၎င်းသည်အလွန်အမင်းစိတ်လှုပ်ရှားနေကြောင်း
ပြသနေသည်။ 3S အဆင့် ခန္ဓာကိုယ်က ဆက်လက်တိုးတက်အုန်းမှာလား?
အား... သူတကယ်ကို မနာလိုနေပြီ

ကူးပြောင်းပြီးနောက်နတ်ဘုရားအဆင့်ကျောက်လောင်းကစားသမားဖြစ်လာခြင်း(MMTranslation)Where stories live. Discover now