Part 2.2

1.7K 305 6
                                    


[Unicode]Part 2.2

သခင်ရှီးချီတက်လာတာကိုမြင်တော့ ကျောက်လောင်းကစားသမား လင်းရွှမ် ရဲ့နှုတ်ခမ်းမှာ အပြုံးတစ်ခုပေါ်လာပြီး ဒီသတ္တုရိုင်း ကိုသေချာ အာရုံစိုက်ပြီး သခင် ရှီးချီနဲ့ ဆွေးနွေးဖို့ ခြေလှမ်းပြင်လိုက်တယ်။

ကျောက်တုံးကို ကြိတ်စက်ဖြင့်  ကောင်းစွာကြိတ်ခွဲပြီးနောက် သတ္တုရိုင်း တစ်ဝက်ကျော်ကို အမြန်ဖယ်ရှားနိုင်ခဲ့သည်။ လင်းရွှမ်၏ ပါးစပ်ထောင့်ရှိ အပြုံးသည် ပို၍ ခိုင်ခံ့လာသည်။ သူမ စိတ်မရှည်စွာန့ဲ ရေပက်လိုက်ပြီး အတွင်းကို မီးပြင်းပြင်းဖြင့် ထိုးလိုက်သည်—

"ဘယ်လိုဖြစ်ရတာလဲ?!" အမျိုးသမီး   ပလက်ဖောင်းအမြင့်ပေါ်မှ အော်ဟစ်လိုက်သည်။ သတ္တုရိုင်း၏  ပြတ်တောက်နေသော မျက်နှာပြင်ကို ချဲ့ကြည့်လိုက်ရာ  အလင်းရောင်အောက်တွင် အစိမ်းရောင် ကျောက်စိမ်းတုံးကြီးများသည် အနက်ရောင် အစက်အပြောက်များ ဖုံးလွှမ်းနေသဖြင့် ထူထပ်စွာ ပြည့်ကျပ်နေသည်ကိုမြင်လိုက်ရသည်။

"ပြီးသွားပြီ၊ ပြီးသွားပြီ!"
“ဒီအနက်ရောင် သန်ကောင်က ကျောက်စိမ်းထဲကို လုံးလုံးလျားလျား စိမ့်ဝင်သွားပြီ”

"ငါထပ်ရှုံးပြန်ပြီ ဒီနေ့ကကံဆိုးတ့ဲနေ့ပဲ!"

No.6မှာကျောက်စိမ်းကောင်းရှိနေတယ်လို့ ထင်သူတွေ အများကြီးရှိတယ်။ No.6 သတ္တုရိုင်း နှင့်ပတ်သက်ပြီး ဤအချိန်သည် များစွာသော မြည်တမ်းမှုတွေရှိနေ၏။

ကျောင်းဂျီ၏ ကြည်နူးနေတ့ဲအမူအရာသည်  အေးခဲသွားသည်၊ သူ့မျက်နှာသည် အုံ့မှိုင်းနေပြီး သူပြောသော စကားများသည် ထေ့ငေါ့နေတာကြောင့် သူ၏  ရိုးသားပုံပေါ်သော  မျက်နှာကို ပုံပျက်ပန်းပျက် ဖြစ်စေသည်။ သန်ကောင်က ဘယ်လိုလို့ရောက်နေတာလဲ။ shitttt တကယ်ကိုကံမကောင်းဘူးပဲ။

တစ်ချိန်တည်းမှာပင်၊ အခြားသတ္တုရိုင်း များကို ဖြေရှင်းပြီးလုနီးပါးဖြစ်နေသည်။  သတ္တုရိုင်းno.3 က ကျောက်စိမ်းမှာအက်ကြောင်းအပြည့်ဖြစ်နေသည်။no. 8 သည်အပေါ်ယံ အရေပြားသာ အစိမ်းရောင်ဖြစ်နေသည်။no. 6 ရ့ဲကျောက်စိမ်းကို တေါ့အနက်ရောင် သန်ကောင်များစားသုံးသွားကြသည်။

ကူးပြောင်းပြီးနောက်နတ်ဘုရားအဆင့်ကျောက်လောင်းကစားသမားဖြစ်လာခြင်း(MMTranslation)Where stories live. Discover now