"ကြိုဆိုပါတယ်ရှင့်"
တံခါးပေါက်မှာချိတ်ထားတဲ့ရွှေရောင်ခေါင်းလောင်းလေးဆီကအသံမြည်လာတာကြောင့်ဆိုင်ထဲကိုcustomerဝင်လာတယ်အထင်နဲ့ကောင်တာမှာထိုင်နေတဲ့ခပ်ချောချောမိန်းမပျိုလေးကဖော်ရွေစွာနှုတ်ဆက်သည်။
ဆိုင်ထဲမှာတော့ Elvis Presley ရဲ့ Can't help falling in love ကိုအေးအေးငြိမ့်ငြိမ့်လေးဖွင့်ထားလျက်ရှိတယ်။
တကယ်ကိုသူ့အငွေ့အသက်တွေအပြည့်နဲ့ဆိုင်လေးပဲ။
ကာကီရောင် style pantsနဲ့အပေါ်ကဆွယ်တာအညိုရောင်လေးကိုဝတ်ထားပြီးအနွေးဓာတ်ရအောင်ကုတ်အရှည်တစ်ထည်ကိုထပ်ဝတ်ထားတဲ့ကောင်လေးက သူ့လက်ထဲကစာအုပ်ကလေးကိုပိတ်ကာ ကောင်တာစီလျှောက်လာတယ်။
"ဘာအလိုရှိပါသလဲရှင့်"
"ဟွမ်ဟျွန်းဂျင်နဲ့တွေ့ချင်လို့ပါ"
ဖီးလစ်ပြောအပြီးမှာတော့ မျက်စိရှေ့ကမိန်းမပျိုလေးဟာဖော်ရွေစွာပြုံးပြပြန်တယ်။
သူမကချစ်ဖို့ကောင်းတာပဲလို့လည်းတွေးမိလေရဲ့
"ခနလေးနော် မောင့်အသိထင်တယ်"
"မောင်?"
သတင်းတွေကြားမိထားပြီးသားပါ။
ဟျွန်းဂျင်ကခပ်လှလှမိန်းကလေးတစ်ယောက်နဲ့ချစ်သူဖြစ်ပြီးအဆင်ပြေနေပြီဆိုတဲ့အကြောင်းကိုဒါပေမယ့်အခုထိဟျွန်းဂျင်ဟာဖီးလစ်အပိုင်ပါလို့ထင်ယောင်ထင်မှားဖြစ်နေလေတော့ မောင်ဆိုတဲ့နာမ်စားကိုကြားလိုက်ရတဲ့အခိုက်အတန့်မှာခနတာဆွံ့အသွားခြင်းသာ
"ဟျွန်းဂျင်လေ"
"အော်...ဟုတ်တယ်""ထိုင်ပါဦး သွားခေါ်ပေးမယ်နော် ဒါနဲ့ဘာသောက်မလဲမသိဘူး"
"အာ..."
"ချောကလက်ပူပူလေးတစ်ခွက်ပဲလုပ်ပေးလိုက်အချစ် နွားနို့များများနဲ့မခါးအောင်"
နောက်ဖေးအခန်းငယ်လေးထဲကနေထွက်လာတဲ့ဟျွန်းဂျင်က အရင်ကလိုပဲကြည့်လို့ကောင်းတုန်း
ပိုပြီးတော့တောင်ယောက်ျားဆန်လာသေးလေရဲ့
အရင်ကလိုပဲဖီးလစ်ရဲ့အကြိုက်ကိုသိတုန်း
အရင်လိုမဟုတ်တော့သည်ကသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးနဲ့ဖီးလစ်အပေါ်ထားတဲ့ဟျွန်းဂျင်ရဲ့အချစ်စိတ်တွေသာဖြစ်မည်။