အိမ်ရောက်ရောက်ခြင်းမမနားထောင်နေတဲ့
မိုးလေဝသ သတင်းကနေနှင်းကျမယ်လို့
ပြောတာမို့ဟျွန်းဂျင်အပျော်ကြီးပျော်သွားရသည်နှစ်တစ်နှစ်ရဲ့ပထမဆုံးနှင်းကျချိန်မှာ
တူတူရှိရင်တစ်သက်တာလုံးတူတူရှိသွားရလိမ့်မယ်တဲ့ဟျွန်းဂျင်ကျန်တာတွေမယုံကြည်ပေမယ့်
ဖီးလစ်နဲ့အတူရှိသွားဖို့ရာတော့ကြိုးစားကြည့်ချင်တယ်အရင်ကလူတိုင်းကိုဂရုမစိုက်ပဲနေလာခဲ့တဲ့
ဟျွန်းဂျင်လည်းဖီးလစ်နဲ့မှအပြောင်းလဲကြီးပြောင်းလဲကုန်ပြီအင်း..... ချစ်မိတဲ့နှလုံးသားလေးကိုပဲအပြစ်တင်ရမှာပေါ့လေ...
ဖုန်းကိုအသဲအသန်ကောက်ကိုင်ကာ
လက်ချောင်းသွယ်များကစက်ခရင်မ်ပေါ်မှာ
တတောက်တောက်လှုပ်ရှားနေသည်*မနက်ဖြန် နှင်းကျနိုင်ခြေရှိတယ်တဲ့*
* အဲ့တာဘာဖြစ်လဲ*
*နှင်းတူတူကြည့်ရအောင်စာတိုက်နားကပန်းခြံကိုလာခဲ့လေ*
*မင်းလာမကြိုဘူးလား*
*ငါမအားလို့အဆင်ပြေတာနဲ့လာခဲ့ပါလား ညနေနော် စောင့်နေမယ်*
*အေးပြီးရော*
*ဘိုင့်*
စကားပြောပုံကသာဘုနဲ့ဘောက်ပေမယ့်
မငြင်းလွှတ်လိုက်တာနဲ့တင်တော်တော်
အခြေအနေကောင်းတယ်ပဲပြောရမှာပေါ့~
"အားးးး နောက်ကျနေပြီ!! နောက်ကျနေပြီ!!"
ဖီးလစ်တစ်ယောက်နေ့လည်တရေးဆိုပြီးမှေးလိုက်တာ
အိပ်မက်အမက်ကောင်းပြီး
ဟျွန်းဂျင်နဲ့ချိန်းထားတာတောင်နောက်ကျနေပြီကမန်းကတန်းပြင်ရဆင်ရနဲ့
တစ်ယောက်ထဲပျာယာခတ်နေသည်
ကြားထဲမေမေနဲ့ဖေဖေကပါအပြင်ထွက်သွားတော့
ဖီးလစ်ပိုပျာနေသည်"ဟယ်လို ရစ်ချက်လား ငါ့အပြင်သွားစရာရှိလို့
ခနလောက်လိုက်ပို့ပါလားကွာ ဘတ်စ်လည်းမမှီတော့လို့""အေးအေးဖီးလစ် ငါအခုလာပြီ"
"အေးအေး"
ဘတ်စ်ကားသာစောင့်နေရင်
ဒီလိုအေးပုံမျိုးနဲ့ဟျွန်းဂျင်ကပန်းခြံထဲက
ရေခဲလူသားဖြစ်သွားမှာအသေအချာပဲမို့
ရစ်ချက်ကိုအကူအညီလှမ်းတောင်းရသည်