ထိုနေ့ကစ၍သူတို့နှစ်ယောက်ရဲ့အခြေအနေက
ကသိကအောက်ဖြစ်နေရသည်။အရင်လိုရန်ဖြစ်ဖို့နေနေသာသာ
မျက်လုံးချင်းတောင်စုံမကြည့်ဖြစ်ကြဖီးလစ်လည်းသူ့အလုပ်သူပုံမှန်လုပ်ကာ
သန့်ရှင်းရေးလည်းလုပ်ဖြစ်သည်။ဖိုးဖိုးလည်းပြန်မရောက်သေးတာကြောင့်နေရခက်သည်။
တစ်အိမ်လုံးမှာနှစ်ယောက်ပဲရှိပြီး
ရှိတဲ့နှစ်ယောက်ကလည်းစကားမပြောတော့
အိမ်ကအပ်ကျသံတောင်ပြန်ကြားရတဲ့အထိတိတ်ဆိတ်လျက်"ငါ့ကိုခြံထဲလိုက်ပို့ပါဟျွန်းဂျင်..."
ဧည့်ခန်းထဲမှာစာဖတ်လိုက်အပင်တွေစစ်လိုက်လုပ်နေတဲ့
ဟျွန်းဂျင်အနားဖီးလစ်တိုးကပ်သွားကာ
ပြောလိုက်သည်ကြောင့် ဟျွန်းဂျင်ကခပ်အအ
တစ်ချက်ကြည့်သည်။"အင်း သွားကြရအောင်လေ"
ဖိုးဖိုးရဲ့လိပ်ခုံးကားအဝါလေးဟာ
တစ်ရွေ့ရွေ့နဲ့ကမ်းခြေလမ်းတွေ
စပါးခင်းတွေကိုဖြတ်သန်းလာသည်။ဖီးလစ်ကတော့ဒီနေ့မှပိုငြိမ်နေကာ
အပြင်ကိုပဲတွေတွေလေးငေးနေလေသည်။~
"နေကြာပန်းဆယ်ပွင့်လောက်ယူသွားလို့ရမလား"
"အင်း ခူးလိုက်လေ"
ဟျွန်းဂျင်ခွင့်ပြုလိုက်မှပန်းပင်တွေကြားဝင်သွားပြီး
ပန်းလှလှလေးတွေကိုရွေးခူးနေလေသည်။ဘာကြောင့်မှန်းမသိဒီနေ့ဖီးလစ်က
အရင်ကဖီးလစ်လိုမဟုတ်ဘူး။အာသွက်လျှာသွက်နဲ့သူလိုချင်ရင်
တစ်ခင်းလုံးနီးပါးကပန်းတွေကို
ခူးချင်သလိုခူးပြီးကတုံးဖြစ်အောင်လုပ်နေကြကနေ
အခုတော့အပြောင်းလဲကြီးပြောင်းလဲနေသည်။သူ့ရဲ့မျက်ဝန်းနက်နက်လေးတွေကဗလာဖြစ်နေပြီး
အရင်ကလိုတောက်တောက်ပပရှိမနေ
သူ့မှာဝမ်းနည်းစရာကိစ္စများရှိလို့လားပန်းခူးပြီးသည်နှင့်ဟျွန်းဂျင်တို့လည်းတန်းပြန်လာခဲ့သည်။
သူကတော့နေကြာပန်းတွေကိုတယုတယပင်ထွေးပွေ့ထားသည်။